မြန်မာ-အိန္ဒိယနယ်စပ်မှ ရေချိုငါးမျိုးစုံ ရှစ်တန် ကျော်တင်ပို့

Tue, 06/21/2016 - 09:04 -- admin_ygn

           မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်တဲ့  ရိဒ်ကုန်သွယ်ရေးစခန်းမှ  ဇွန်  ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း  အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်း တန်ဖိုးရှိ ယခင်တစ်ပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ ရေချိုငါးမျိုးစုံ ရှစ်တန်ခွဲ  တင်ပို့နိုင်တယ်လို့ သိရပါတယ်။  ရေချိုငါး မျိုးစုံအပြင်  အမေရိကန်ဒေါ်လာ  သုည ဒသမ ၄၄၃ သန်း တန်ဖိုးရှိ ကွမ်းသီး ၄၇၃ တန်၊အမေရိကန် ဒေါ်လာ သုည  ဒသမ ၀၀၉ သန်း တန်ဖိုးရှိ ငါးသေတ္တာ ၁၆ တန်၊  အမေရိကန်ဒေါ်လာ  သုည ဒသမ ၀၀၉ သန်း တန်ဖိုးရှိ ဆပ်ပြာမှုန့်   ၁၇ တန်၊ အမေရိကန်ဒေါ်လာ  သုည ဒသမ ၀၀၉ သန်းတန်ဖိုးရှိ အချိုရည် ၂၅ တန်၊ အမေရိကန် ဒေါ်လာ သုည ဒသမ ၀၂၁ သန်းတန်ဖိုးရှိ မုန့် မျိုးစုံ ၂၁ တန်ကျော်၊ အမေရိကန်ဒေါ် လာ သုည ဒသမ ၀၂၁ သန်းတန်ဖိုးရှိ ပလတ်စတစ် အိတ် တန် ၆၀ ကျော်ကိုလည်း တင်ပို့နိုင်ခဲ့တယ်လို့ ရိဒ် ကုန်သွယ်ရေးစခန်းမှ သိရပါ တယ်။

 

(ခင်မိုးသူ)

Border Trade News

Pages