မူဆယ်ဈေးကွက်မှာ ပြောင်းဈေးဆက်လက်ငြိမ်နေ

Wed, 02/08/2017 - 06:10 -- admin_ygn

       ယခုတစ်ပတ် မူဆယ်ဈေးကွက်မှာ ယခင်တစ်ပတ်အတိုင်း ပြောင်းဈေးဆက်လက်ငြိမ်နေကြောင်း သိရပါတယ်။ ပြောင်းဈေး အနေနဲ့ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း ၅၀ ကီလို တစ်အိတ်ကို ၆၇ ယွမ်မှ ၇၁ ယွမ် (တစ်တန် ၁၃၄၀ ယွမ်မှ ၁၄၂၀ ယွမ်) နဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုအနေနဲ့ တစ်ဖက်နိုင်ငံသို့ ယခင်တစ်ပတ်က တန်ချိန် ၃၅၀၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ်မှာ တန်ချိန် ၃၅၉၉၇ တန် တင်ပို့နိုင်ခဲ့ကြော င်း သိရပါတယ်။ သယ်ယူပို့ဆောင်ရေးစရိတ် ကားခမှာ ပြောင်းတစ်ပိဿာကို မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်အထိ လားရှိုးမှ ၃၅ ကျပ်၊ ကျောက်မဲနဲ့ သီပေါမှ ကျပ် ၄၀၊ နောင်ချိုမှ ၅၅ ကျပ်ရှိကြောင်းလည်း သိရပါတယ်။

 

ဇော်ဝင်း

Border Trade News

Pages