ပြည်မန်ကျည်းမှည့် ဝယ်လက်ရှိခြင်းကြောင့် အရောင်းအဝယ်ဖြစ်နေ

Fri, 05/24/2019 - 05:55 -- admin_ygn

         ပြည်မန်ကျည်းမှည့်(ပွဲရုံ)များသို့ ဟင်္သာတ၊ ကြံခင်း၊ တောင်တွင်း၊ အောင်လံနှင့် ဒေသတွင်းထွက်ရှိသည့် မန်ကျည်းမှည့်များ (ပွဲရုံ)သို့ လှိုင်လှိုင်ဝင်ရောက်နေပြီး ရန်ကုန်၊ စစ်တွေ၊ ရခိုင်ဝယ်လက်များ မေလ(တတိယပတ်)မှာ ဝယ်လက်များ အစွဲရှိလာခြင်း ကြောင့် အရောင်းအဝယ်ပိုဖြစ်လာကြောင်းသိရသည်။ ယခုအပတ် ရန်ကုန်သို့ အများဆုံး တင်ပို့ရကြောင်းလည်းသိရသည်။  ဒေသတွင်းအရောင်းအဝယ်လည်း ရာသီဥတုဒဏ် ကြောင့် ပိုမိုရှိခဲ့ကြောင်း သိရသည်။ မန်ကျည်းမှည့်တစ်ပိဿာဈေး(ပွဲရုံဈေး) အစေ့လွတ် ကျပ် ၁၉၀၀ နှင့် (လက်လီဈေး)ကျပ် ၂၂၀၀ တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

 

နီနီဝင်း

Border Trade News

Pages