ပြည်ကြက်သွန်နီဈေးနှုန်းမြင့်တက်သလို အရောင်းအဝယ်လည်းအေးနေ

Tue, 06/27/2017 - 03:59 -- admin_ygn

          ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများ မြင့်တက် လျက်ရှိပြီး ဇွန်လဆန်းပိုင်းမှစ၍ ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာတာတွေ့ရ ပါတယ်။ ဝင်ရောက်မှုအနေနဲ့ နေ့စဉ်ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် ပုံမှန်ဝင်ရောက်နေပြီး ရေနံချောင်း၊ ပခုက္ကူ၊ဆိပ်ဖြူ စသဖြင့် နယ်စုံမှ ကြက်သွန်နီများဝင်ရောက်နေတာ တွေ့ရပါတယ်။ အရောင်းအဝယ်အနေနဲ့  ဈေးနှုန်းလည်းမြင့်သလို မိုးများသည့် ကာလလည်းဖြစ်သဖြင့် အရောင်းအဝယ် မှာ မိုးနှင့်အတူ အေးနေတာတွေ့ရပါတယ်။ ဒေသတွင်းဝယ်လက်သမားများ၊ အိတ်ဆွဲဝယ်ရောင်းသမားများနှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်တို့သို့ တင်ပို့မှု အပါအဝင် တစ်နေ့ကိုပိဿာ ၃၀ ဝင်အိတ် ၁၄၀ မှ ၁၅၀ ခ န့်သာရှိ၍ အရောင်းအဝယ်မှာ သိသိသာသာအေးနေကြောင်း သိရ ပါတယ်။ တရုတ်ဝယ်လက်များနှင့် ထိုင်းဝယ်လက်များက ကြက်သွန်နီ အဓိကစိုက် ပျိုးထွက်ရှိရာ မကွေးတိုင်း၊ မန္တလေးတိုင်းတို့သို့ တိုက်ရိုက်ကွင်းဆင်းပြီး ဈေးေ ကာင်း ပေးကာ ဝယ်ယူနေတဲ့အတွက် ဈေးနှုန်းများမြင့်တက်ရခြင်းဖြစ်ကြောင်း ပြည်ပွဲရုံလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရပါတယ်။ဈေးနှုန်းအားဖြင့် ပြည်ပွဲရုံ လက်ကားဈေးတစ်ပိဿာ (ကြီး/လတ်) ကျပ် ၁၂၀၀ - ၁၂၅၀- ၁၃၀၀၊ (အသေးစ) ကျပ် ၁၀၀၀-၁၀၅၀-၁၁၀၀ ရှိပြီး၊ လက်လီဈေးအသေးများတွင် (ကြီး/လတ်) ကျပ် ၁၃၀၀-၁၄၀၀-၁၅၀၀၊ (အသေးစ)ကျပ် ၁၁၀၀ - ၁၂၀၀ တို့နှင့်အသီးသီး ရောင်းဝယ် လျက်ရှိနေတာတွေ့ရပါတယ်။ယခုဖြစ်ပေါ် လျက်ရှိတဲ့ဈေးနှုန်းမှာ အောက်ဖော်ပြပါ ယခင်နှစ်ကာလတူဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်ပါက ကြက်သွန်နီ သီးနှံအနေနဲ့ ဈေး ကောင်းရလျက်ရှိနေကြောင်းသိရပါတယ်။

 

ဝင်းလဲ့ဝါ(ပြည်)

Border Trade News

Pages