ပင်လယ်ရေကြောင်းလမ်းမှ နနွင်းတန်ချိန်၂၉၀ နီးပါးတင်ပို့

Tue, 08/15/2017 - 04:19 -- admin_ygn

       ဇူလိုင် ၃၀ ရက်မှ သြဂုတ်လ ၅ ရက်အထိ  သီတင်းပတ်အတွင်း နနွင်း ၂၈၃ ဒသမ ၉၉၅ တန်ကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါ တယ်။ ဒီတစ်ပတ် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံသို့ တန်ချိန် ၉၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၈၄ တန်၊ သီရိ လင်္ကာနိုင်ငံသို့တန်ချိန်၂၀နဲ့ အိန္ဒိယနိုင်ငံ သို့၈၉ ဒသမ ၉၉၅ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က နနွင်းတစ်တန်သာ တင်ပို့နိုင်ခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နနွင်းတန်ချိန် ၂၈၀ကျော် တင်ပို့မှုပိုခဲ့တယ်လို့ သိရပါ တယ်။ နနွင်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၉၉၇၅၆ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်နှစ်က နနွင်းတစ်တန်ကိုပျမ်းမျှအမေရိကန်ဒေါ်လာ ၇၅၀- ၇၇၀ ဝန်းကျင်ရရှိခဲ့ပေမယ့် ယခုနှစ်မှာ တော့နနွင်းတစ်တန်ကို ပျမ်းမျှအမေရိ ကန်ဒေါ်လာ ၇၀၀-၇၀၅ ဝန်းကျင်သာရရှိ ခဲ့တယ်လို့သိရတယ်။

 

သီတာဝင်း(DOT)

Border Trade News

Pages