ဒီတစ်ပတ် နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်ပို

Fri, 10/13/2017 - 06:17 -- admin_ygn

      စက်တင်ဘာ ၁  ရက်မှ  ၂၃ ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၇၉၆၃၇၀ တန်ဖိုးရှိ ဘိလပ်မြေ ၃၀၂၉၂ ဒသမ ၃၆၉ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့  နိုင်ငံနဲ့ တန်ချိန် မှာ ထိုင်းနိုင်ငံမှ ၂၃၂ ဒသမ ၆၀ တန်၊ မလေးရှားနိုင်ငံမှ ၁၅၇၈၇ ဒသမ ၄၃၂ တန်၊ ဗီယက်နမ်နိုင်ငံမှ ၁၄၀၀၂ တန်၊ အီရန်နိုင်ငံမှ၂၇၀ ဒသမ ၃၃၇ တန် တင်သွင်းခဲ့တယ် လို့ သိရပါတယ်။  တင်သွင်းခဲ့တဲ့ တံဆိပ် များမှာ အေအေဘိလပ်မြေ၊ အက်စ်စီဂျီ ဘိလပ်မြေ၊ စိန်တံဆိပ်ဘိလပ်မြေ ၊ ဆင်တံဆိပ်နဲ့ အခြားတံဆိပ်များ ဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်သီတင်းပတ်အတွင်း နယ်စပ်လမ်းမှ ဘိလပ် မြေအဝင်မှာ ၁၁၈၆၀၀ တန်ကျော်ရှိပြီး ယခင်သီတင်းပတ်ဘိလပ်မြေအဝင်မှာ တန် ချိန် ၁၁၈၄၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် ၁၀၆၇၆၀ ကျော်အဝင် ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်  ဒီတစ်ပတ်မှာ  နယ်စပ်လမ်းမှ  အဝင် ပိုခဲ့ပါတယ်။

 

သီတာဝင်း (DOT)

Border Trade News

Pages