ကုန်သွယ်ရေးစခန်းစုံမှ ချင်းစိုနဲ့ချင်းခြောက်တင်ပို့

Thu, 08/24/2017 - 02:46 -- admin_ygn

     သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၇၂၉၀ တန်ဖိုးရှိ ချင်းခြောက် ၁၄ တန်ကို တရုတ်နိုင်ငံသို့ လည်းေ ကာင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၁၄၉၇၄ တန်ဖိုးရှိ ချင်းခြောက် ၁၂တန်ကျော်ကို ထိုင်းနိုင်ငံသို့ လည်းကောင်း တင်ပို့ခဲ့ပါတယ်။ယခင် တစ်ပတ်က မြဝတီမှ ချင်းတင်ပို့မှု မရှိဘဲမူဆယ်မှ ချင်းခြောက် ၁၆ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။
      အလားတူ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ  စစ်တွေနဲ့ မောင်တော ကုန်သွယ်ရေးစခန်းများမှလည်း အမေရိကန်ဒေါ်လာ ၇၀၂၀၉ တန်ဖိုးရှိ ချင်းစို၁၅၄တန်ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့ခဲ့ရာ စစ်တွေမှ၆၈တန်နဲ့ မောင်ေ တာမှ ၈၆တန်ကျော် ဖြစ်ပါတယ်။ ယခင်တစ်ပတ်က စစ်တွေမှ ၇၅ တန်နဲ့ မောင်တောမှ ၄၇ တန် စုစု ပေါင်း ၁၂၂တန်တင်ပို့ခဲ့လို့ ၃၂ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ချင်းခြောက်တစ်တန်ရဲ့ မိမိဘက် ပေါက်ဈေးမှာ (ငွေလဲနှုန်းအရ) ၁၆၇၃၄၂၅ ကျပ်ခန့်ရှိပြီး စစ်တွေကုန်သွယ်ရေးစခန်းမှာ ချင်းစို တစ်တန်ကို ၁၀၃၆၃၅၈ ကျပ် ဝန်းကျင်ရှိကြောင်း၊ ကာလတူ ၂၀၁၆ သြဂုတ်လ ဆန်းပိုင်းက မူဆယ်မှာ ချင်းခြောက်တစ်တန်ဈေး ကျပ် ၁၈၄၈၁၄၀၊ စစ်တွေမှာချင်းစို တစ်တန်ဈေးကျပ် ၉၀၂၁၂၀ရှိကြောင်းသိရပါတယ်။

 

မော်မော်အောင်

Border Trade News

Pages