ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းတွင် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ

Mon, 10/31/2016 - 05:50 -- admin_ygn

         ကန်ပိုက်တီးကုန်သွယ်ရေး စခန်း သည် ကချင်ပြည်နယ်တွင် တည်ရှိပြီး မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေသော စခန်းတစ်ခု ဖြစ်ပါတယ်။ ထို့ပြင် ကမ္ဘာ တွင် ကျော်ကြားသော ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်ဒေသနှင့် နီးစပ် သည့် ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ အောက်တိုဘာ ၂၄ ရက်တွင် ကန်ပိုက် တီးကုန်သွယ်ရေးစခန်း (OSS) ပူး ပေါင်းအဖွဲ့မှ ယာဉ်မောင်း ဖိုးသားနှင့် ယာဉ်နောက်လိုက် မောင်ဇင် မောင်းနှင် သည့် (၉ခ/××××) Nissan (UD) (၁၀ ဘီး) ကုန်မဲ့ယာဉ်အား စစ်ဆေးရာ ကျောက်စိမ်းအရွယ်စုံ ၁၇၀ ထုပ်၊ အလေး ချိန် ၄၆၇၈ Kg ၊ ခန့်မှန်းတန်ဖိုး ၃၂၇၄၆၀၀ ကျပ်နှင့် (၁၀) ဘီး ယာဉ် ခန့်မှန်းတန်ဖိုး ၁၈၀၀၀၀၀၀ ကျပ် စုစု ေ ပါင်း ခန့်မှန်းတန်ဖိုး ၂၁၂၇၄၆၀၀ ကျပ်အားဖမ်းဆီးရရှိခဲ့ပါတယ်။ ဖမ်းဆီးရမိသည့် ပစ္စည်းများအား အကောက်ခွန် အမှုတွဲ ဖွင့်လှစ်ထားရှိကာ မြစ်ကြီးနား အကောက်ခွန်ရုံးတွင် သိမ်းဆည်း ထားရှိပြီး တရားခံယာဉ်မောင်းနှင့် ယာ ဉ်နောက်လိုက် နှစ်ဦးအား ကန်ပိုက်တီး ရဲစခန်းတွင် အမှု ဖွင့်လှစ်ထား ကြောင်းသတင်းရရှိပါတယ်။

 

မင်းမင်းဇော်

 

Border Trade News

Pages