မောင်တောကုန်သွယ်ရေးစခန်း၏၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁-၈-၂၀၂၃မှ၂၇-၈-၂၀၂၃ထိ) တင်ပို့/တင်သွင်းမှုအခြေအနေ

Wed, 08/30/2023 - 09:05 -- DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့

            ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဩဂုတ်လ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီး ဩဂုတ်လ (၁-၈-၂၀၂၃မှ ၂၇-၈-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၁.၈၀၄) ဒေါ်လာသန်း၊ သွင်းကုန် (-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၈၀၄)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ်(၁၁၇.၉၀%)ဆောင်ရွက် နိုင်ခဲ့ပြီဖြစ်ပါတယ်။

              မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်း များ၊ ရေထွက်ကုန်ပစ္စည်းများနှင့်စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပါတယ်။ ဩဂုတ်လ (၁-၈-၂၀၂၃ မှ ၂၇-၈-၂၀၂၃ထိ)တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှာဂျင်း(အစို) (၁၃၀၁.၅) တန်၊ တန်ဖိုး (၀.၂၆၀) ဒေါ်လာသန်း၊ ဒညင်းသီး (၁၂၄.၅) တန်၊ တန်ဖိုး (၀.၀၃၇)ဒေါ်လာသန်း၊ နနွင်းတက် (၅)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ကွမ်းသီး(၆၆)တန်၊ တန်ဖိုး (၀.၀၅၃)ဒေါ်လာသန်း၊ ထန်းလျက် (၄)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း၊ ရေထွက်ပစ္စည်းမှာ ငါးမြစ်ချင်း (၇၆၇.၆၆)တန်၊ တန်ဖိုး (၀.၉၂၂)ဒေါ်လာသန်း၊ ငါးနီတူခြောက်(၈) တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ ငါးကုန်းညိုခြောက် (၁၅.၅) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ ငါးစုံလေးခြောက် (၁၃၀)တန်၊ တန်ဖိုး (၀.၀၈၂) ဒေါ်လာသန်း၊ ငါးခေါင်းပွ (၃၂.၄၈)တန်၊ တန်ဖိုး(၀.၀၅၁)ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းများမှာဇီးယိုထုပ်(၂၀.၅)တန်၊ တန်ဖိုး (၀.၀၀၇)ဒေါ်လာသန်း၊ ဆန်ကြာဆံ(၁)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ထွန်းရွှေဝါလိမ်းဆေး (၆)တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ သနပ်ခါးခဲ (၆.၅)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ မုန့်ဖတ် ခြောက် (၂.၅)တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ အမျိုးသမီးဝတ်အင်္ကျီ (၀.၁)တန်၊ တန်ဖိုး (၀.၀၀၀) ဒေါ်လာသန်း တင်ပို့ခဲ့ပါတယ်။ သွင်းကုန်အပိုင်းတွင် ဩဂုတ်လ (၁-၈-၂၀၂၃ မှ ၂၇-၈-၂၀၂၃)ထိ တင်သွင်း နိုင်ခြင်းမရှိခဲ့ပါ။

              မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ဂျင်း(အစို) (၁)တန်လျှင်(၂၀၀)ဒေါ်လာ၊ ဒညင်းသီး(၁)တန်လျှင်(၃၀၀)ဒေါ်လာ၊ ငါးမြစ်ချင်း (၁)တန်လျှင် (၁၂၆၆)ဒေါ်လာ၊ ငါးခေါင်းပွ (၁)တန်လျှင် (၁၃၀၆)ဒေါ်လာ၊ ငါးကုန်းညိုခြောက် (၁)တန်လျှင် (၁၈၃၀) ဒေါ်လာ၊ ငါးစုံလေးခြောက်(၁)တန်လျှင် (၆၃၀)ဒေါ်လာ၊ ဇီးယိုထုတ် (၁) တန်လျှင်  (၃၃၀) ဒေါ်လာ၊ ငါးနီတူ ခြောက် (၁)တန်လျှင် (၃၁၅၀)ဒေါ်လာ၊ နနွင်းတက် (၁)တန်လျှင် (၅၆၂)ဒေါ်လာ၊ ကွမ်းသီး (၁)တန်လျှင် (၁၀၀၀)ဒေါ်လာ၊ ထန်းလျက်(၁)တန်လျှင်(၈၈၀)ဒေါ်လာ၊ ဆန်ကြာဆံ(၁) တန်လျှင်(၁၀၀၀) ဒေါ်လာ၊ထွန်းရွှေဝါလိမ်းဆေး (၁)တန်လျှင် (၅၀၀)ဒေါ်လာ၊ သနပ်ခါးခဲ (၁)တန်လျှင် (၅၀၀)ဒေါ်လာ၊ မုန့်ဖတ် ခြောက် (၁)တန်လျှင် (၁၁၀၀)ဒေါ်လာ၊ အမျိုးသမီးဝတ်အင်္ကျီ (၁)တန်လျှင် (၁၁၉၀) ဒေါ်လာဈေးနှုန်းရှိပါ တယ်။          

              မောင်တောကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများဝင်ရောက်သည့် ကုန်သွယ်မှုလမ်းကြောင်းအ နေဖြင့် စစ်တွေ-ဘူးသီးတောင်-မောင်တောလမ်းကြောင်းနှင့် စစ်တွေ-အငူမော်-မောင်တောလမ်းကြောင်း တို့ဖြစ်ပြီး ယခုအခါ စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်းမှ ကုန်ပစ္စည်းများ အဓိကဝင်ရောက် လျက်ရှိပြီး ကညင်ချောင်း စီးပွားရေးဇုန်မှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်သို့ တင်ပို့လျက်ရှိ ပါသည်။

          စစ်တွေမှ မောင်တောသို့ အတက်ကုန်ကားခ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ကုန်ကျစ် တစ်ပိဿာကျပ် (၇၀) ကျပ်၊ ကုန်ပွတစ်ပိဿာ ကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်ကားခ ကုန်ကျစ် တစ်ပိဿာ ကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်း သိရှိရပါတယ်။

Border Trade News

Pages