ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ နိုဝင်ဘာလ(၁)ရက်မှ (၂၁)ရက်ထိကုန်သွယ်မှုအခြေအနေ

Sat, 11/25/2023 - 08:55 -- bordertrade

၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၂ ရက်နေ့

         ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

နိုဝင်ဘာလ(၂၁)ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၂.၉၀၃) ဒေါ်လာသန်း၊ သွင်းကုန် (၁.၄၈၃)ဒေါ်လာသန်း၊ စုစုပေါင်း (၄.၃၈၆) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၉၇.၄၆၆%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

        နိုဝင်ဘာလ (၂၁) ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊  နှမ်းနက်နှင့် ရော်ဘာတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်း များ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည် များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်မှ (၂၁) ရက်နေ့ထိ ကုန်ပစ္စည်းအမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

        ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့အထိ ပို့ကုန် ပိုင်းတွင် အဓိက ပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅.၉၈)ဒေါ်လာတို့ဖြင့် တန်ချိန် (၇၉၉၂) တန်၊ တန်ဖိုး (၂.၇၆၇) ဒေါ်လာ သန်းနှင့်နှမ်းနက်တင်ပို့မှုအနေဖြင့် စျေးနှုန်းတစ်တန်လျှင် (၁၅၅၀)ဒေါ်လာဖြင့်တန်ချိန်(၅၀)တန်၊ တန်ဖိုး(၀.၀၇၈) ဒေါ်လာသန်း၊ ရော်ဘာစိမ်း တင်ပို့မှုအနေဖြင့် တန်ချိန် (၃၄)တန်၊ တန်ဖိုး (၀.၀၄၆) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးပစ္စည်းတန်ချိန် (၁၈၀.၀၀) တန်၊ တန်ဖိုး (၀.၃၅၆) ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၇၅၉) တန်၊ တန်ဖိုး (၀.၇၀၈) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၃၈၉) တန်၊ တန်ဖိုး (၀.၄၁၈) ဒေါ်လာသန်းတို့ တင်သွင်း နိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်း ကုန်များအတွက် အငှားယာဉ်ဖြင့်တင် ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင် ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

          ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Border Trade News

Pages