အာရှဆန်ဈေးနှုန်းများအကြား အိန္ဒိယဆန်ဈေးနှုန်းက ဈေးကွက်ယှဉ်ပြိုင်မှုအတွက် အားအသာဆုံးဖြစ်နေ

Tue, 10/02/2012 - 09:30 -- Anonymous (not verified)

စက်တင်ဘာလ ၁၁ ရက်နေ့မှစပြီး ထိုင်းဆန်ဈေးနှုန်းတွေက အနည်းငယ် အားနည်းလာတယ်။ လောလောဆယ် ပြည်ပမှ ဝယ်လိုအားမရှိခြင်းနဲ့ စပါးအသစ်ပေါ်တော့မှာ ဖြစ် ခြင်းတို့ကြောင့် ထိုင်းဆန်ဈေးနှုန်း ကျဆင်းလာခြင်းဖြစ်တယ်။ ထိုင်းဆန်ဖြူ ၁၀၀ ရာခိုင်နှုန်း (B) က တစ်တန်ကို ၅၈၀ ဒေါ်လာမှ၅၆၅ ဒေါ်လာအထိ၁၅ ဒေါ်လာဈေးကျလာတယ်။
ဗီယက်နမ်ဆန်ဈေးနှုန်းတွေမှာတော့ သြဂုတ်လမှ စက်တင်ဘာ ၁၁ ရက်အထိ ဆက်တိုက်မြင့်မားခဲ့ပြီးနောက် ယခုရက်ပိုင်းဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေတယ်။ လောလောဆယ် ပြည်ပမှ ဝယ်လိုအား မရှိသော်လည်း ပြည်တွင်းစပါးရောင်းလိုအား အကျပ်အတည်းကြောင့် ဈေး နှုန်း တည်ငြိမ်ခိုင်မာနေတယ်။
အိန္ဒိယဆန်ဈေးနှုန်းမှာတော့ အနည်းငယ်ဈေးမြင့် လာတယ်။အာဖရိကဈေးကွက်မှ အောက်တိုဘာလ သင်္ဘော တင်စနစ်နဲ့  ဆန်ဝယ်ယူဖို့ ကမ်းလှမ်းနေရာ ဈေးမြင့်လာခြင်း ဖြစ်တယ်။ စက်တင်ဘာလ ၁၀ ရက်နေ့က တစ်တန်ကို ၃၈၅ ဒေါ်လာရှိတဲ့ အိန္ဒိယဆန်ဖြူ (၂၅ မှတ်ဆန်) က စက်တင် ဘာလ ၁၁ ရက်မှာ ၃၉၀ ဒေါ်လာအထိ ၅ ဒေါ်လာဈေးမြင့် လာတယ်။ ဒါ့အပြင် မုတ်သုံမိုးရရှိမှု နောက်ကျခြင်းက စပါး အသစ်ရိတ်သိမ်းမှုကို နှောင်းနှေးစေတဲ့ အတွက်အိန္ဒိယ ဆန်ဈေးနှုန်းကို ပိုမိုမြင့်မားအောင် အထောက်အပံ့ပေးနေ တယ်။ အိန္ဒိယဆန်ဈေး  မြင့်မားလာတယ်ဆိုသော်လည်း အခြားနိုင်ငံတွေရဲ့ ဆန်ဈေးနှုန်းနဲ့ယှဉ်ရင် ဈေးနှုန်းပိုမိုချိုသာ နေတယ်။ အိန္ဒိယဆန်ဖြူ (၂၅ မှတ်ဆန်) မှာ တစ်တန်ကို ၃၉၀ ဒေါ်လာဖြစ်သော်လည်း အမျိုးအစားတူ ပါကစ္စတန် ဆန်၊ ဗီယက်နမ်ဆန်နဲ့ ထိုင်းဆန်တို့မှာ တစ်တန်ကို ၄၀၀ ဒေါ်လာ၊ ၄၃၀ ဒေါ်လာ နဲ့ ၅၄၀ ဒေါ်လာစီ အသီးသီးဖြစ်တာ ကို သုံးသပ်တွေ့ရှိရတယ်။                   
ပပ
Source:reuters.com,oryza.com, riceonline.com