အာဆီယံဆန်အသင်း (ASEAN Rice Cartel) ဖွဲ့စည်းရန် အဖွဲ့ဝင် (၅) နိုင်ငံက သဘောတူ

Tue, 09/04/2012 - 09:40 -- Anonymous (not verified)

ထိုင်းနိုင်ငံမှ အဆိုပြု တင်ပြတဲ့ အာဆီယံဆန်အသင်း (ASEAN Rice Cartel) ဖွဲ့စည်းဖိ့ုအဆိုမှာ ပူးပေါင်း ဆောင်ရွက်သွားဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနိုင်ငံတို့က သဘောတူထားကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆိုတယ်။ အာဆီယံဆန်အသင်းကို ယခုနှစ်ကုန်ပိုင်းမှာ ဖွဲ့စည်း သွားမှာဖြစ်ကြောင်း၊ နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် ဆန်ဈေးနှုန်း တိုးမြှင့်သွားဖို့ ရည်ရွယ်ကြောင်း၊ ဆန်အသင်းက ဆန်ဈေးနှုန်း တည်ငြိမ်ရေးနဲ့ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးကို ဆောင် ရွက်နိုင်မှာဖြစ်ကြောင်း၊ အာဆီယံဆန် အသင်းဖွဲ့စည်းပြီး နောက်ပိုင်းမှာအရည်အသွေးမြင့် ဆန်ဖြူ ဈေးနှုန်းကို တစ်တန် ကို အမေရိကန်ဒေါ်လာ ၆၀ မှ ၈၀ ကြား မြှင့်တင်သွားနိုင်မှာ ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသွားတယ်။ 
၎င်းလှုပ်ရှားမှုက အစိုးရမှ ဆန်ချေးငွေထုတ်ပေးတဲ့ အစီအစဉ်နဲ့ ပိ့ုကုန်တင်ပို့မှုကို ကူညီပေးနေတဲ့ အခြေအနေမှ ပြန်လည်နာလန်ထူလာစေရေး ဆန်ဈေးနှုန်းမြင့်မားစေဖို့ ဆွဲတင်ပေးတဲ့ ဆန်အသင်းဖွဲ့စည်းရေး ထိုင်းအစိုးရအတွက် သိသာထင်ရှားတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ရပ် အနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ပို့ကုန်တင်ပို့သူတွေက လယ်သမားတွေအတွက် ဈေးကောင်းရရှိစေဖို့ အခွင့်အလမ်း ကောင်း တစ်ရပ်အဖြစ် ဆောင်ရွက်ပေးနိုင်တယ်လိ့ုဆိုကာ ဆန်အသင်းဖွဲ့စည်းရေးအတွက် ထိုင်းနိုင်ငံက ကမကထပြုနေ ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံများအကြား သယ်ယူပို့ဆောင်ရေး ကွဲပြားခြားနားခြင်း၊ သိုလှောင်နိုင်စွမ်း ကွာခြားခြင်း တို့က အဖွဲ့ကြီးအောင်မြင်မှုရရှိဖို့ ခက်ခဲနိုင်ကြောင်း ကျွမ်းကျင်သူ အချို့က ဆိုတယ်။ အခြားကျွမ်းကျင်သူတွေကလည်း ဈေးနှုန်းတည်ငြိမ်စွာ မြင့်တက်လာခြင်းကို ဒေသတွင်းနိုင်ငံအချို့ဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံမှ သွင်းကုန် တင်သွင်းသူတွေက လက်ခံနိုင်ဖွယ်မရှိကြောင်းလည်း သုံးသပ်ကြပါတယ်။
Source: Oryza.com
ရွှေစင်ကို