နိုဝင်ဘာ ၂၄ ရက်
ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၏(၁၉)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီ အစည်းအဝေးကို နိုဝင်ဘာလ၂၄ရက်နံနက်ပိုင်းက ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကျင်းပရာ စီးပွား ရေးနှင့် ကူးသန်းရာင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် တက်ရောက် အမှာ စကား ပြောကြားသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးဝင်းအောင်နှင့် ညီနောင် အသင်းများမှ တာဝန်ရှိသူများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကုန်စည်ဒိုင်အသင်းဝင် များ စုစုပေါင်း (၃၅၀) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။