မြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း (MRPPA) နှင့် နိုင်ငံတကာ ရော်ဘာသုတေသနနှင့် ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (IRRDB) တို့ပူးပေါင်းပြီး “ မြန်မာ့ရော်ဘာအရည်အသွေး အဆင့်အတန်းမြင့်မား ရေး (Quality Improvement of Rubber in Myanmar) အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသ ကြီး၊ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ (15.9.2012) နေ့မှ (၁၆.၉.၂၀၁၂) နေ့ထိ ကျင်းပခဲ့ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ ရော်ဘာသုတေသနနှင့် ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (IRRDB) မှ အထွေထွေ အတွင်းရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာ နိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဥက္ကဌမှ ကြိုဆိုနှုတ်ခွန်း ဆက် စကားပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်တိုင်းဒေသကြီးများမှ စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်များ၊ ဌာနဆိုင်ရာများ၊ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းနှင့် အသင်းတာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၁၇၀) ဦး တက်ရောက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲမှာ IRRDB အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒို နီးရှားမှ စာတမ်းရှင် (၁၁) ဦးနှင့် မြန်မာနိုင်ငံတို့ စာတမ်းရှင် (၃) ဦးတို့မှ စာတမ်းများဖတ်ကြားခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများမှ ရော်ဘာအရည်အသွေးနှင့် ပတ်သက်ပြီး လိုက်နာကျင့်သုံးနေသည့် ကုန်ချော ထုတ် လုပ်ပုံထုတ်လုပ်နည်းများ၊ အရည်အသွေး စံချိန်စံညွှန်း သတ်မှတ်ထား ချက်များ၊ အရည်အသွေးများကို ဓါတ်ခွဲစမ်းသပ်ပြီး အသိအမှတ်ပြုလက်မှတ်များ၊ ISO လက်မှတ်များထုတ်ပေးမှု၊ ဈေးကွက်ဈေးနှုန်း တည်ငြိမ်မျှတစေသည့် ဗဟိုရော်ဘာရောင်းဝယ်ရေးဈေးကွက်ကြီးများ ထူထောင်ကာ ဆောင်ရွက်နေမှု Rubber powder ထုတ်လုပ်မှု၊ ရော်ဘာပျိုးထောင်ပြုစုစောင့်ရှောက်မှုများ စသည့်အသိပညာပေး စာတမ်းများဖတ်ကြားတင်ပြသွားပါသည်။ အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် IRRDB မှ အထွေထွေအတွင်းရေးမှူးက စာတမ်းဖတ်ကြားသူများ အားဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။