မော်တော်ယာဉ်တင်သွင်းခွင့်များ ပုံမှန်အတိုင်းတင်သွင်းခွင့်ပြုပေးလျက်ရှိ

Mon, 08/20/2012 - 13:04 -- Anonymous (not verified)

မော်တော်ယာဉ်တင်သွင်းမှုအား One Stop Services အဖွဲ့ဖြင့် သွင်းကုန်ပါမစ်များ ပုံမှန်အတိုင်း ခွင့်ပြု ထုတ်ပေးလျက်ရှိပါသည်။ ကားလောကမှ လူပုဂ္ဂိုလ်တချို့က လက်ဝယ်ရှိယာဉ်အို/ယာဉ်ဟောင်း အပ်နှံသည့် စလစ်များနှင့် မော်တော်ယာဉ်များ၏ ဈေးနှုန်းကစားရန်နှင့် ဈေးဆွဲတင်ရန် ရည်ရွယ်၍ လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းမှု ရပ်တန့်တော့မည်ဟု ကောလဟလများဖြစ်ပေါ်အောင် ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ကောလဟလများမှာ မှန်ကန်မှုမရှိဘဲ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်မှု ကော်မတီအနေဖြင့် မူလခွင့်ပြုပေးနေသည့်အတိုင်း လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမှုများကို ပုံမှန်အတိုင်းနေ့ချင်းပြီး ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။ (၂၀-၈-၂၀၁၂) အထိ သွင်းကုန်ပါမစ်ထုတ်ပေးမှုမှာ ယာဉ်အို/ယာဉ်ဟောင်း (၅၀၇၁၃) စီး ၊ Sale Center တွင် ဝယ်ယူခွင့်ပါမစ် (၈၄၀၆) စီး ၊ သင်္ဘောသား (၂၈၆၇) စီး ၊ ကုမ္ပဏီ (၇၂၁) စီး ၊ နိုင်ငံခြားရေးဝန်ကြီးဌာန (၃၄၀) စီး ၊ ဟိုတယ်/ခရီး (၅၇) စီး ၊ ပြည်ပအလုပ်သမား (၂၀၇၃) စီး ၊ ကျောက်မျက် (၆) စီး ၊ အထွေထွေ (၁၁၂) စီး ၊ လူပုဂ္ဂိုလ်တစ်ဦးချင်း (နေပြည်တော်) (၈၅၁၆) စီး ၊ လူပုဂ္ဂိုလ်တစ်ဦးချင်း (ရန်ကုန်) (၉၄၅) စီးအား ခွင့်ပြုထုတ်ပေးပြီး ဖြစ်ပါသည်။ှ