ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်အတွင်း ဆောင်းသီးနှံပဲမျိုးစုံများမှာ လက်ကျန်နည်းလာခဲ့ပြီဖြစ်သလို ပဲတီစိမ်းသီးနှံဟာလည်း တိုင်းအတွင်းရှိ မြို့နယ်အားလုံးမှာ စိုက်ပျိုးမှုမရှိဘဲ ပြည်ခရိုင်အတွင်း မြို့နယ်အချို့မှာသာ စိုက်ပျိုးမှုရှိခဲ့တာကြောင့် ဒေသတွင်း ထွက်ရှိမှုနည်းခဲ့ပါတယ်။ ဒါကြောင့် ဈေးကွက်အတွင်း ပွဲရုံများမှာ လက်ကျန် အသင့်အတင့်သာရှိခဲ့ပြီး၊ တစ်ခါတစ်ရံမှသာ ရန်ကုန်ဝယ်လက်အပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ယခင်အပတ်က ဈေးအတိုင်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဇူလိုင်လ အတွင်း မိုးပဲတီစိမ်းသစ်များ ဈေးကွက်ကို ဝင်ရောက်နိုင်ကြောင်း ပွဲရုံများမှ သိရှိရပါတယ်။
ခင်ဆွေဝင်း - ပြည်