ပြည်ဈေးကွက်သို့ မိုးနှမ်းအသစ်များကို မြန်အောင်၊ ကြံခင်း၊ အောင်လံနဲ့ ပေါက်ခေါင်းဘက်မှ တစ်နေ့ကို
အိတ် ၅၀၀ ခန့် ဆက်တိုက်ဝင်ရောက်နေတာတွေ့ရပါတယ်။ မိုးနှမ်းများ အဝင်ရှိသော်လည်း နှမ်းဈေးမှာ ယခင် အပတ်ထက်ဈေးအနည်းငယ်မြင့်နေတာတွေ့ရပါတယ်။ ဆီစက်သမားများနဲ့ ရန်ကုန်ဝယ်လက်များက အဝယ်ရှိလို့ ပြည်ဈေးကွက်မှာ မိုးနှမ်းများဝင်သလောက် အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ် ၈၅၀၀၀ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာတစ်အိတ် ၉၅၀၀၀ ကျပ်ဈေးနဲ့ ပြည်ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။
ဝေေ၀မင်း-ပြည်