ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့အကြား အပြန်အလှန် ကုန်သွယ်မှုမြှင့်တင်နိုင်ရေး အတွက် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် " ဟိုချီမင်းကုန်စည်ပြပွဲ ၂၀၁၂ " ပြပွဲကို ၂၀၁၂ ခုနှစ်၊ ဇွန် ၁၅ ရက် မှ ၁၉ ရက်အထိ ဆက်လက်၍ ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။
အဆိုပါပြပွဲတွင် ဗီယက်နမ်ကုမ္ပဏီ ၁၀၀ ခန့်မှ အဝတ်အထည်များ၊ ဖိနပ်များ၊ အလှကုန်ပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ၊ လျှပ်စစ်နှင့် လျှပ်စစ်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများအား ပြသ ရောင်းချ သွားမည်ဖြစ်ပါသည်။ ဇွန်လတွင်ပြုလုပ်မည့် ဟိုချီမင်း ကုန်စည်ပြပွဲနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ပြပွဲဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ၊ ကုန်စည်ပြပွဲ ဌာနစိတ် ဖုန်း-၀၆၇-၄၀၈၄၁၁ နှင့် ဖက်စ် ၀၆၇-၄၀၈၃၁၁ သို့ စုံစမ်းမေးမြန်းနိုင် ပါသည်။
KKT (IT)