ကမ္ဘာ့ဒုတိယမြောက် ဆန်တင်ပို့မှုအများဆုံးဗီယက်နမ်က ဇွန်လအတွင်း ဆန်တန်ချိန် ၇၅၀၀၀၀ သင်္ဘော တင်ပို့ နိုင်ဖွယ်ရှိတယ်လိ့ု ဗီယက်နမ်ဗဟိုစာရင်းအင်းရုံး (GSO)က ဇွန်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့တယ်။ ယခုနှစ် ပထမ (၆) လအတွင်း ဆန်တန်ချိန် ၃ ဒသမ ၆၈ သန်းသာ တင်ပို့နိုင်ဖွယ်ရှိရာ ယခင်နှစ်ကထက် ၉ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းမယ်လို့ GSO က အစီရင်ခံထားတယ်။
တတိယသုံးလပတ်ကာလအတွင်း ဆန်တင်ပို့မှုကိုလည်း တန်ချိန် ၂ ဒသမ ၁ သန်း ဝန်းကျင်သာ ရှိနိုင်မယ် ရည်မှန်းထားရာ တစ်လကို ခန့်မှန်းတန်ချိန် ၇ သိန်းဝန်းကျင်သာ တင်ပို့နိုင်မှာဖြစ်တယ်။ ဒါကြောင့် လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ စီမံကိန်းဖြစ်တဲ့ တစ်လကို ဆန်တန်ချိန် (၁) သန်း သိုလှောင်မယ့် အစီအစဉ်ကို ဇူလိုင် ၁၀ ရက်မှစပြီး တစ်လကို ဆန် တန်ချိန် ၅ သိန်းသာ သိုလှောင်သွားသင့်ကြောင်း ဗီယက်နမ်စားနပ်ရိက္ခာ အသင်းက အကြံပြုတင်ပြထားတယ်။
Source:reuters.com
ပပ