ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ တိုင်းဒေသကြီး၊ မန်နေဂျာရုံး အစည်းအဝေး ခန်းမမှာ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောသင်တန်းကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနဲ့ စီးပွားရေးဆိုင်ရာဝန်ကြီး၊ ဦးကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်းရဲ့ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ကုန်စည်ဒိုင်အသီးသီးမှ တာဝန်ရှိသူများ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၆၄ ဦးတက်ရောက်ခဲ့ကြပါတယ်။ သင်တန်းကို ဇွန်လ ၂၈ ရက်မှ ၂၉ ရက်ထိဖြစ်ကြောင်း သိရပါတယ်။
ခင်ဆွေဝင်း - ပြည်