ပြည်တွင်းရွှေ ဈေးနှုန်းများ (၄) လကျော်ကာလအတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိလာ

Tue, 07/31/2012 - 09:47 -- Anonymous (not verified)

Date : 31 July 2012

ဇူလိုင်လ (၄) ရက်နေ့မှစ၍ တစ်ကျပ်သားလျှင် ကျပ် (၇) သိန်းအထက် ရောက်ရှိလာသော ပြည်တွင်း ရွှေဈေးနှုန်းများသည် ဇူလိုင်လ (၃၁) ရက်နေ့တွင် ၇၃၇၅၀၀ ကျပ်အထိ ရောက်ရှိလာသည်။ ယင်းဈေးနှုန်းသည် ၂၀၁၂ ခုနှစ် ၊ မတ်လ (၁၃) ရက်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်သည်။ ပြည်တွင်းရွှေဈေး မြင့်မားခြင်းမှာ ဝယ်လိုအားမြင့်မားခြင်းကြောင့် မဟုတ်ကြောင်း ၊ ကမ္ဘာ့ရွှေဈေးနှုန်း များ တစ်အောင်စလျှင် ၁၆၂၀ ဒေါ်လာအထက်အထိ ရောက်ရှိလာခြင်းနှင့် ပြည်တွင်းငွေလဲနှုန်းမှာလည်း တစ်ဒေါ်လာလျှင် ၈၇၅ ကျပ်ဝန်းကျင်တွင် ရှိနေခြင်းတို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်းများ (၄) လကျော်ကာလ အတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ ယခုရက်ပိုင်း ပြည်တွင်းရွှေဈေးမြင့်မား လာသဖြင့် ဈေးကွက်အတွင်း ရွှေကိုပြန်လည်ရောင်းချသူ ပိုများလာသည်ဟုလည်း သိရသည်။

Source : ဗဟိုဘဏ် ၊ goldprice.org

pa pa