စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာတွင်အခက်အခဲမရှိအဆင်ပြေချော မွေ့စေရေးအတွက် မော်တော်ယာဉ်ပါမစ်များအား မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့်နေ့ချင်းပြီး (One Stop Services ) အဖွဲ့မှ ခွင့်ပြုထုတ်ပေးလျှက်ရှိရာတွင် ယာဉ်အို/ယာဉ်ဟောင်း အပ်နှံ၍ အစားထိုးပါမစ်ထုတ်ပေးမှု အား ၁၉-၉-၂၀၁၁ နေ့မှစ၍ ယနေ့အထိ(၅၀၄၇၇)စီးကိုလည်းကောင်း၊ ပို့ကုန်သွင်းကုန်ကုမ္ပဏီများ၊ သဘောၤသားများ၊ ဟိုတယ်/ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ၊ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ၊ နိုင်ငံခြားရေးဝန်ထမ်းများ စသည်များအား ပါမစ်ထုတ်ပေးမှုကို ၃၀-၁၁-၂၀၁၁ ရက်နေ့မှစ၍ ယနေ့အထိ (၆၁၆၇)စီးကိုလည်းကောင်း၊ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော နိုင်ငံသားတိုင်းအားအထူးပါမစ်ထုတ်ပေးခြင်းကို ၇-၅-၂၀၁၂ ရက်နေ့မှစ၍ ယနေ့အထိ(၈၈၆၆)စီးကိုလည်းကောင်း၊ မော်တော်ယာဉ်အရောင်းစင်တာများမှ ဝယ်ယူခွင့်ပါမစ် (၈၂၃၂) စီးအားလည်းကောင်း၊ ပါမစ်များအသီးသီးထုတ်ပေးခဲ့ပြီး အများ ပြည်သူ ခရီးသွားလာရေးအဆင်ပြေရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်ကုမ္ပဏီများအား အငှားယာဉ်(Taxi)အဖြစ်(၈၃၈)စီးလိုင်စင် ထုတ်ပေးခဲ့ပါသည်။ လွန်ခဲ့သောရက်အနည်းငယ်အတွင်းက နိုင်ငံသားတိုင်းအား ခွင့်ပြုထုတ်ပေးလျှက်ရှိသည့် မော်တော်ယာဉ်အထူးပါမစ်ထုတ် ပေးမှုများအားရပ်ဆိုင်းထားသည်ဟု ကောလဟာလ ဖြစ်ပေါ်နေမှုမှာ မှန်ကန်မှုမရှိပါကြောင်းနှင့် ပါမစ်ထုတ်ပေးနေမှုကို နေပြည်တော် အပြင် ကာယကံရှင်ကိုယ်တိုင်လျှောက်ထားပါက ရန်ကုန်မြို့တွင်လည်းပါမစ်များထုတ်ပေးလျက်ရှိပြီး နေ့စဉ်ပါမစ်ထုတ်ပေးနေမှု အခြေ အနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
စဉ် | ရက်စွဲ | တစ်ဦးချင်း (နေပြည်တော်) |
တစ်ဦးချင်း (ရန်ကုန်) |
အခြား | ယာဉ်အို/ ယာဉ်ဟောင်း |
စုစုပေါင်း |
၁ | ၁၃-၈-၂၀၁၂ | ၂၂၀ | ၉၆ | ၁ | ၁၆၅ | ၄၈၂ |
၂ | ၁၄-၈-၂၀၁၂ | ၂၁၄ | ၈၉ | ၁ | ၁၈၉ | ၄၉၃ |
၃ | ၁၅-၈-၂၀၁၂ | ၁၆၁ | ၈၄ | ၂ | ၁၂၇ | ၃၇၄ |