နိုင်ငံတကာမှ ပိတ်ဆို့ခြင်းကို လျစ်လျှူရှုပြီး ထိုင်းနိုင်ငံက ဆန်နဲ့ အီရန်ရေနံတို့ကို ပစ္စည်းချင်းဖလှယ်ဖို့ ကြိုးစား

Tue, 09/04/2012 - 09:33 -- Anonymous (not verified)

ထိုင်းနိုင်ငံက အီရန်နိုင်ငံနဲ့ ဆီနဲ့ဆန် ကုန်ပစ္စည်းချင်းဖလှယ်ဖို့ ကြိုးပမ်းနေပါတယ်။ အမေရိကန်ဒေါ်လာ အပါအဝင် အမေရိကန် ပစ္စည်းများ အသုံးပြုခြင်းဖြင့် အီရန်နဲ့ ကုန်သွယ်မှုပြုတဲ့ နိုင်ငံတွေကို တားမြစ်တဲ့ နိုင်ငံတကာ ပိတ်ဆို့မှုကြောင့် မကြာသေးခင် လတွေမှာ အီရန်နဲ့ ထိုင်းနိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်မှု တန့်နေခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ရေနံနဲ့ ဓာတ်ငွေ့ လိုအပ်မှုနဲ့ ကြုံတွေ့ရတဲ့အချိန်မှာ အီရန်က နှစ်စဉ်ဆန်တန်ချိန် ၁ သိန်းခန့်လိုအပ်နေတာကြောင့် ၂ နိုင်ငံအကြား ဆန်နဲ့ ရေနံလဲလှယ်ဖို့ အဆိုပြုချက်ကို လေ့လာနေကြပါတယ်။ယခုနှစ် ဈေးနှုန်းကြီးမြင့်မှုကြောင့် ဝယ်လက်များများ ရှာမရဖြစ်နေတဲ့ ထိုင်းနိုင်ငံအတွက် ယခုလို ကုန်ပစ္စည်းချင်း ဖလှယ်မှုက ဆန်ရောင်းချမှုမှာ အကူအညီဖြစ်စေမှာဖြစ်ပါတယ်။ ဒီလိုကုန်သွယ်ခြင်းက အမေရိကန် ငွေကြေးကို အသုံးပြုမှာ မဟုတ်လို့ အမေရိကန်ဆန်ရှင်နဲ့ ပြဿနာရှိနိုင်မယ် မထင်ပါဘူးလို့ ထိုင်းစီးပွားကူးသန်း ဝန်ကြီးမှ ဆိုပါတယ်။ လတ်တလောမှာ အီရန်နဲ့အိန္ဒိယတို့ဟာ အိန္ဒိယရူပီးကို အသုံးပြုပြီးရေနံနဲ့ ဆန်ရောင်းဝယ်နေပါတယ်။ အိန္ဒိယ အစိုးရ က ရူပီးအသုံးပြုပြီးအီရန်မှရေနံနဲ့ ဂက်စ်ကိုဝယ်ယူနေပြီး၊ အီရန်ကအပြန်အလှန်အနေနဲ့ ယင်း ရူပီးများအသုံးပြုပြီး၊ အိန္ဒိယ ဆန်ကို ပြန်လည်ဝယ်ယူနေပါတယ်။                                               
Source: oryza.com
လမင်း