ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်အတွက် ကုန်သွယ်မှုအကူအညီကအရေးပါ။

Mon, 07/25/2011 - 02:45 -- Anonymous (not verified)

ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက်ကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ဖို့အတွက် ကုန်သွယ်မှုအကူအညီ ကအရေးပါကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ဇူလိုင် ၁၉ ရက်ကပြောပါတယ်။ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(ဒဗလျူတီအို)ကကျင်းပပေးတဲ့ တတိယအကြိမ်ကုန်သွယ်မှု အကူအညီ ကမ္ဘာလုံးဆိုင်ရာ သုံးသပ်မှု အစည်းအဝေးမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကုန်သွယ်မှုအကူအညီ ရရှိဖို့အတွက် အရင်းအမြစ်များ ကြိုးစားစုစည်းခဲ့ခြင်းကို ဘန်ကချီးကျူးပြောကြားခဲ့ပါတယ်။
ကမ္ဘာပေါ်ရှိဖွံ့ဖြိုးဆဲနိုင်ငံတွေက ကမ္ဘာ့စီးပွားရေးလုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်လာဖို့အတွက် အကူအညီ ပေးဖို့နဲ့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်လာဖို့ အတွက် အကူအညီပေးဖို့နဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေကို ဒီနိုင်ငံတွေခံစားနိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းက ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းကို ကုန်သွယ်မှုအကူအညီက ရောင်ပြန်ဟပ်ပေးနိုင်လိမ့်မယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြောပါတယ်။ ဒါပေမဲ့ခြိုးခြံချွေတာနေရတဲ့ ကာလမျိုးမှာ ဘဏ္ဍာရေးအရ ဒုက္ခတွေ့နေရတဲ့နိုင်ငံတွေက သူတို့ရဲ့အကူ အညီပေးဖို့ကတိပြုထားတာတွေကို လျှော့ချလာနိုင်တယ်လို့ သတိပေးထားပါတယ်။ အလှူငွေပေးကြမဲ့ နိုင်ငံတွေ က ဆက်လက်ကြိုးပမ်းကြဖို့ သူတို့တိုက်တွန်းထားပါတယ်။
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေ (LDCs) တွေရဲ့လိုအပ်ချက်တွေကို အထူးအလေးပေးဖို့နဲ့ ရရှိအကျိုးကျေးဇူး တွေလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က သတိပေးထားပါ တယ်။
ဒဗလျူတီအိုက စောစောပိုင်းကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ ကမ္ဘာ့ကုန်သွယ်မှုအကူအညီအတွက် ပေးထားတဲ့ကတိကဝတ်က ၂၀၀၉ ခုနှစ်မှာဒေါ်လာ ဘီလီယံ ၄၀ ရှိပါတယ်။ ၂၀၀၂-၀၅ ခုနှစ် အခြေခံနဲ့နှိုင်းယှဉ် ရင် ၆၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။