တရုတ်နဲ့ ဂျပန်နိုင်ငံတို့ရဲ့ တရုတ်အရှေ့ပင်လယ်ရှိ ကျွန်းအငြင်း ပွားမှုပြသနာကြောင့် တရုတ်နိုင်ငံရှိ တိုယိုတာကားကုမ္ပဏီရဲ့ စက်တင်ဘာလရောင်းအားက သြဂုတ်လနဲ့ နှိုင်းယှဉ်ပါက ရောင်းအားထက် ဝက်ကျဆင်းသွားကြောင်း သတင်းတွေမှာ ဖော်ပြပါရှိတယ်။ တိုယိုတာကားကုမ္ပဏီရဲ့ တရုတ်ဈေးကွက်မှာ ရောင်းအားက တစ်ကမ္ဘာလုံးရောင်းအားရဲ့ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း၊ ၎င်းအငြင်းပွားမှု ပြဿနာကြောင့် စက်တင်ဘာလလယ်လောက် ကစပြီး ဖောက်သည်တွေ လျော့နည်းသွားရာ ရရှိထားတဲ့ အမှာစာအသစ်တွေမှာလည်း ပယ်ဖျက်ခြင်းခံခဲ့ရကြောင်း သိရတယ်။
တိုယိုတာကုမ္ပဏီက တရုတ်နိုင်ငံမှာ သြဂုတ်လအတွင်းက ကားအစီးရေပေါင်း ၇၅၀၀၀ ရောင်းချခဲ့ရပြီး စက်တင်ဘာလမှာ ၎င်းင်းအရေအတွက်ရဲ့ ထက်ဝက်ခန့်သာ ရောင်းချရတော့ရာ တရုတ် နိုင်ငံရှိ တိုယိုတာကား စက်ရုံတွေရဲ့ အောက်တိုဘာလအတွက် ထုတ်လုပ်မှုကို ချက်ချင်းလျှော့ချလိုက်ရတယ်။
ဒါ့အပြင် တိုယိုတာကုမ္ပဏီက ယခု ၂၀၁၂ ခုနှစ်မှာ ကမ္ဘာတစ် ဝန်းလုံးရှိ ကားစက်ရုံတွေမှ ကားအစီးရေပေါင်း ၁၀ ဒသမ ၀၅ သန်းထိ မှတ်တမ်းဝင်ထုတ်လုပ်သွားမယ်လို့ သြဂုတ်လအတွင်းက ကြေညာခဲ့သော်လည်း ယခုလက်ရှိ ဖြစ်ပွားနေတဲ့ ကျွန်းအငြင်းပွားမှု ပြဿနာကြောင့် ၎င်းလျာထားချက်ကို မဖြစ်မနေ ပြန်လည်ပြင်ဆင်ရ တော့မှာဖြစ်ကြောင်း သတင်းတွေမှာပါရှိတယ်။
Source: asianewsnet.net/home/news?
စန္ဒာပျို