တရုတ်နိုင်ငံတွင် ဆက်တိုက်နီးပါး မိုးရွာသွန်းမှုကြောင့် ဥယျာဉ်ခြံထွက်ကုန်များ ဈေးနှုန်းကြီးမြင့်

Wed, 08/01/2012 - 09:56 -- Anonymous (not verified)

Date : 31 July 2012

တရုတ်နိုင်ငံတွင် ဆက်တိုက်နီးပါး မိုးရွာသွန်းမှုကြောင့် ဥယျာဉ်ခြံထွက်ကုန်များ ဈေးကွက်များသို့ တင်ပို့ ရောင်းချရေး နှောင့်နှေးမှုကြောင့် ဈေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်နေရသည်ဟု တရုတ်နိုင်ငံ စီးပွားကူးသန်း ဝန်ကြီး ဌာန (MOFCOM) မှ ဇူလိုင်လ (၃၁) ရက်နေ့ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။ တရုတ် ပြည်တွင်း (၃၆) မြို့ကို လေ့လာမှုအရ ဟင်းသီးဟင်းရွက် အမျိုးအစား (၁၈) မျိုး၏ လက္ကားဈေးနှုန်းများ ၃.၅ ရာခိုင်နှုန်းမြင့်မားခဲ့ကြောင်း ၊ ခရမ်းချဉ်သီး ၊ ဆလတ်ရွက်နှင့် ပဲသီးတို့မှာမူ ၁၇.၆ ရာခိုင်နှုန်း ၊ ၁၁.၉ ရာခိုင်နှုန်း နှင့် ၁၂.၈ ရာခိုင်နှုန်းစီ ဈေးမြင့်လာကြောင်း MOFCOM မှ ထုတ်ပြန်သော စာရင်းတွင် ဖော်ပြထားသည်။

သီတင်းပတ် (၅) ပတ် ဆက်တိုက်ဈေးကျနေသော ကြက်ဥ လက်လီဈေးနှုန်းများလည်း ဝ.၇ ရာခိုင်နှုန်း ဈေးမြင့်လာသည်ဟု သိရသည်။ သို့သော် ယခင်နှစ်အလားတူကာလက ဈေးနှုန်းနှင့်ယှဉ်လျှင် ၅.၄ ရာခိုင်နှုန်း ဈေးကျသွားသည်ဟု သိရသည်။ အသီးအရွက်ဈေးမြင့်သော်လည်း တရုတ်နိုင်ငံတွင် အဓိကစားသုံးသော အသားဖြစ်သည့် ဝက်သားဈေးနှုန်းမှာမူ ဝ.၄ ရာခိုင်နှုန်းဈေးကျသွားကြောင်း ဖော်ပြထားသည်။ စားသောက်ကုန် ဈေးနှုန်းသည် တရုတ်နိုင်ငံ၏ စားသုံးသူများ ဈေးဆညွှန်းကိန်း (CPI) တွက်ချက်ရာတွင် သုံးပုံတစ်ပုံနီးပါး အရေးပါသည်။ တရုတ်နိုင်ငံ၏ CPI သည် ဇွန်လအတွင်း ၂.၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရာ ၂၀၁၀ ခုနှစ် ၊ ဇန်နဝါရီလ နောက်ပိုင်း အနိမ့်ဆုံးနှုန်းထားဖြစ်လာသည်ဟု သိရသည်။

Source : xinhuanet.com

pa pa