စီးပွားရေးရင်းနှီးမြှုပ်နှံမှုနဲ့ နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်စေရန် EWEC ပေါ်မှာ ကုန်သွယ်မှုမြို့တော်တည်ဆောက်ရန် ထိုင်းမှစီမံကိန်းချမှတ်

Fri, 08/03/2012 - 09:09 -- Anonymous (not verified)

သြဂုတ်လ ၁၅ ရက်နေ့မှာ ၁၅ နှစ်သက်တမ်းရှိတော့မဲ့ မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားအထိမ်းအမှတ် အခမ်းအနား ကျင်းပရန် တာ့ခ်ခရိုင်ကုန်သည်အသင်း ဥက္ကဌမှ မြဝတီခရိုင်ဒေသအာဏာပိုင်များနဲ့ ဇူလိုင်လဆန်းပိုင်းမှာ လာရောက်တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။ ထိုသို့တွေ့ဆုံရာမှာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနဲ့ နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်စေရေး အရှေ့အနောက်စီးပွားရေးစြင်္ကန် (East-West Economic Corridor) မှာ ပါဝင်ကြတဲ့ မြန်မာ-ထိုင်း-လာအို-ဗီယက်နမ်တို့ ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရန်အတွက် နယ်စပ်ဒေသမှာ ကုန်သွယ်မှုမြို့တော်တစ်ခုတည်ထောင်ရန် စီမံကိန်းများချမှတ်ထားတယ်လို့ တာ့ခ်ခရိုင်ကုန်သည်အသင်းဥက္ကဌက ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ်မှာ စတင်ကျင့်သုံးမဲ့ ASEAN Economic Community- AEC မတိုင်မီ နယ်စပ်ဂိတ်များ ပိုမိုတိုးတက်အောင် လုပ်ဆောင် လိုကြောင်း၊ ထိုင်းနဲ့မြန်မာနယ်စပ်ချင်းထိစပ်နေတဲ့ အလွန်ရှည်လျားတဲ့နယ်စပ် တစ်လျှောက်မှာ နယ်စပ်ဂိတ်များ ပိုမိုဖွင့်လှစ်ရန် လိုအပ်တယ်လို့ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး Kiltiratt Na Ramang က ပြောဆိုခဲ့တယ်လို့ ၂၂.၇.၂၀၁၁ နေ့ကတင်တဲ့ MCOT online news မှာ ဖော်ပြထား ပါတယ်။ ထိုင်းနိုင်ငံရဲ့ကုန်သွယ်မှုပမာဏမှာ နယ်စပ် ကုန်သွယ်မှုဟာ ၆၀ ရာခိုင်နှုန်းခန့်ပါရှိတယ်လို့ သိရပါတယ်။
Source: MCOT online news
နကသ (မြဝတီ)