ရန်ကုန် ၊ နိုဝင်ဘာ ၂၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးဝင်းမြင့်သည် နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်မြို့ သုဝဏ္ဏ သံသုမာလမ်းရှိ စစ်ကိုင်းစာသင်တိုက်တွင် ကျင်းပပြုလုပ်သော (၁၃)ကြိမ်မြောက် ကထိန်သင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများကို မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့မှ စုပေါင်းလှူဒါန်းသည့် ကထိန်သင်္ကန်းဆပ်ကပ်ပွဲသို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော်များထံမှ ငါးပါးသီလဆောက်တည်ခံယူကြပြီး ဆရာတော်ဘုရားကြိးထံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်နှင့် တက်ရောက် လာသူများမှ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော် သံဃာတော် များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ကြပါသည်။