ငရုတ်ကောင်း တင်ပို့သူများစာရင်းမှာ ဗီယက်နမ် ထိပ်တန်းဖြစ်နေ

Tue, 06/26/2012 - 04:26 -- Anonymous (not verified)

ကမ္ဘာ့ငရုတ်ကောင်း ပမာဏရဲ့ ၄၀-၅၀ ရာခိုင်နှုန်း နေရာယူထားတဲ့ ဗီယက်နမ်ဟာ ကမ္ဘာ့အခြား ငရုတ်ကောင်း တင်ပို့သူများကို ဦးဆောင်နေဆဲဖြစ် ပါတယ်။ မေလအတွင်းမှာ ဗီယက်နမ်နိုင်ငံက ငရုတ်ကောင်း တန်ချိန် ၁၅၀၀၀ တင်ပို့ခဲ့ပြီး၊ ကန်ဒေါ်လာ ၁၀၂ သန်း ရရှိခဲ့တယ်လို့ စက်မှုလက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန၊ သွင်းကုန်ပို့ကုန်ဌာနမှ ပြောကြားပါတယ်။ ပထမ ၅ လအတွင်း စုစုပေါင်းတင်ပို့မှုဟာ တန်ချိန် ၆၂၀၀၀ ရှိလို့ ယခင်နှစ်ကာလတူနဲ့ ယှဉ်ရင် ပမာဏအားဖြင့် ၁၄ ဒသမ ၅ ရာခိုင်နှုန်းပိုမိုပြီး၊ တန်ဖိုးအားဖြင့် ၄၂ ဒသမ ၇ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါတယ်။
အမေရိကန်၊ ဂျာမဏီနဲ့ ယူအေအီးတို့ဟာ ဗီယက်နမ်ရဲ့ အကြီးဆုံးဈေးကွက် ၃ ခုဖြစ်ပြီး၊ ယင်းနိုင်ငံများမှ ငရုတ်ကောင်းအတွက် ကန်ဒေါ်လာ ၃၀ သန်းဖိုး ဝယ်ယူတယ်လို့ သိရပါတယ်။ ယူအေအီးဟာ အခြားနိုင်ငံတွေထက် ၎င်းင်းတို့ရဲ့ စားသောက်ကုန်တွေမှာ ငရုတ်ကောင်းကို ပိုမိုအသုံးပြုတဲ့ ကြီးမားတဲ့ ဈေးကွက်ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းင်းရဲ့ ပြည်ပကုန်သွယ်ရေးမူဝါဒက အလွန်ကို ရိုးရှင်းပြီး၊ အခွန်လွတ်လပ်တယ်လို့ သိရပါတယ်။
အဲဒီအကျိုးကျေးဇူးတွေရှိတဲ့တိုင် ယူအေအီးနိုင်ငံမှာ အေးဂျင့်နဲ့ ဖြန့်ဖြူးသူများဟာ ၎င်းတို့ ထုတ်ကုန်များ စားသုံးသူတွေကို ရောက်ရှိမှု မြန်နိုင်သမျှမြန်အောင် ကာလရှည် ကော်ပိုရေးရှင်းတည်ထောင်ဖို့ သွင်းကုန်ပို့ကုန်ဌာန မှ အဆိုပြုထားကြောင်း သိရပါတယ်။
ယမင်းခင်
Source: VOU