ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) နှစ်ပတ်လည် အခမ်းအနားနဲ့ ကျောက်မျက်ရတနာ အရောင်းပြပွဲကို နိုဝင်ဘာ ၄ ရက်နေ့ ရွှေပြည်သာဟိုတယ်မှာ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။
ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ ဒေါ်ခင်လေးမြင့်က "အသင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်သွားမယ်။ ကျောက်မျက်ရတနာ၊ စိန်၊ ရွှေအရောင်းဆိုင် ခင်းကျင်းပြီးရောင်းချသွားမယ်။ အသင်းသားအားလုံး တက်ရောက်နိုင်ပါတယ်။ ဆိုင်ခန်းပြသ ရောင်းချချင်တယ်ဆိုရင် ၂၅ ရက်နေ့နောက်ဆုံးထားပြီး အသင်းရုံးမှာလာလျှောက်လို့ရပါတယ်" လို့ပြောပါတယ်။
ကျောက်မျက်ရတနာ အရောင်းပြပွဲမှာ ပါဝင်ပြသရောင်းချလိုပါက ၉ ပေပတ်လည်အခန်းများ ချထား ပေးမှာဖြစ်ပြီး၊ အခမဲ့ပြသရောင်းချနိုင်ကြောင်း၊ အခန်းအရေအတွက်သတ်မှတ်ထားလို့ ဦးရာစနစ်နဲ့ ရောင်းချ ခွင့်ပြုမှာဖြစ်ကြောင်းသိရပါတယ်။
ဇူးဇူး-မန္တလေး