ကမ္ဘာအနှံ့ ဗဟိုဘဏ်များက ငွေကြေး၊ စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းများကို ထပ်မံဆောင်ရွက်တော့မည် မဟုတ်ဟု စိုးရိမ်လာကြခြင်းက ရွှေဝယ်လိုအားအပေါ် စိုးရိမ်မှုဖြစ်စေ

Mon, 10/29/2012 - 10:33 -- Anonymous (not verified)

တရုတ်နိုင်ငံမှာ စက်တင်ဘာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုဆက်လက် ကျဆင်းခဲ့တယ်လို့ တရုတ်နိုင်ငံစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပြောကြားခဲ့တယ်။
စက်တင်ဘာလအတွင်း FDI ဝင်ရောက်မှုက ယခင်နှစ်အလားတူကာလနဲ့ ယှဉ်ရင် ၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကန်ဒေါ်လာ ၈ ဒသမ ၄၃ ဘီလီယံသာရရှိခဲ့တယ်လိ့ု သိရတယ်။ ဒီလို တရုတ်နိုင်ငံရဲ့ စီးပွားရေး နှေးကွေးနေတဲ့သတင်းက ကမ္ဘာ့ရွှေဝယ်လိုအားအပေါ် အနည်းငယ်သက်ရောက်မှုရှိခဲ့ရာ အောက်တိုဘာလ ၂၂ ရက်နေ့ ကမ္ဘာ့ရွှေဈေးနှုန်းတွေ ကျဆင်းလာခဲ့တယ်။ နယူးယောက် Comex မှာ ဒီဇင်ဘာလအရောက်ပိုရမယ့် ရွှေဈေးနှုန်းက တစ်အောင်စကို ၁၇၄၂ ဒေါ်လာနဲ့ နယူးယောက်စံတော်ချိန် နေ့ခင်း ၁း၄၀ နာရီမှာ အရောင်းအဝယ် ဖြစ်ခဲ့တယ်။
၎င်းအချိန်မတိုင်မီက တစ်အောင်စကို ၁၇၁၆ ဒေါ်လာအထိ ကျဆင်းခဲ့ရာ စက်တင်ဘာလ (၇) ရက် နောက်ပိုင်းအနိမ့်ဆုံး ဈေးနှုန်းဖြစ်တယ်လို့ သိရတယ်။ ဒါ့အပြင် လက်ရှိသီတင်းပတ် ၂ ပတ်အတွင်း ကမ္ဘာ့ ရွှေဈေး နှုန်းတွေက ၃ ဒသမ ၂ ရာခိုင်နှုန်းဈေးကျဆင်းခဲ့ပြီး ဖြစ်တယ်လို့ သိရတယ်။ ကမ္ဘာအနှံ့ ဗဟိုဘဏ်တွေက ငွေကြေး မူဝါဒဖြေလျော့မှုများ ၊ စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းများကို ထပ်မံဆောင်ရွက်တော့မှာ မဟုတ်ကြောင်း စိုးရိမ်လာ ကြခြင်းက ရွှေဝယ်လိုအားအပေါ် စိုးရိမ်မှုဖြစ်စေတယ်။ စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းတွေ ဆောင်ရွက်မှသာ ငွေကြေးဖောင်းပွမှုကို ဖြစ်စေပြီး ရွှေကိုဝယ်လိုအားများလေ့ရှိတယ်။
Source:    Bloomberg.com
ပပ