မြိတ်ကုန်သွယ်ရေးစခန်းမှ ကဏန်းမျိုးစုံ တန် ၁၀၀ ကျော်တင်ပို့

Wed, 03/09/2016 - 05:13 -- admin_ygn

        မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်ကုန်သွယ်ရေစခန်းမှ ၂၀၁၆ ခုနှစ် ဖေဖော် ဝါရီအတွင်း ကန်ဒေါ်လာ သုည ဒသမ ၆၇၉ သန်းတန်ဖိုးရှိ ကဏန်းမျိုးစုံဖြစ်တဲ့ အေးခဲကဏန်းပျော့ ၅၈ တန်ကျော်၊ ကဏန်းနီ၅၁ တန်ကျော်၊ ကဏန်း သေး (အသေ)ငါးတန်ကျော်နဲ့ သဲကဏန်းနှစ်တန်ကျော်စုစုပေါင်း ၁၁၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလနဲ့ နှိုင်းယှဉ်ပါက ၅၄ တန်ကျော်ယမန်နှစ်ကာလတူနဲ့နှိုင်းယှဉ်ပါက ၂၄ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါ တယ်။မြိတ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီအတွင်း ကဏန်းမျိုးစုံအပြင် ကန်ဒေါ်လာ ၁၁ ဒသမ  ၁၈၉ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့  ငါးမျိုးစုံ ၄၈၃၈ တန်ကျော်၊ ပုစွန် ၁၇၅ တန်နီးပါး၊ ငါးမှုန့် ၃၃၆၈ တန်ကျော်၊ ကင်းမွန် (အခွံချွတ်) လေးတန်ကျော်၊ ငါးအသားလွှာ ၂၄ တန်၊ ငါးခြောက် ၂၇ တန်နီးပါး၊ ပုစွန်ခြောက်ခုနစ်တန်ကျော်၊ ကင်းမွန် ၁၄ တန်ကျော်၊ ကင်းမွန်ခေါင်း ကိုးတန်ကျော်။ ငါးမုတ်မဲနှစ်တန်နဲ့ ကင်းမွန်ခြောက်တစ်တန်ကျော်တင် ပို့နိုင်ခဲ့ပါတယ်။
ခင်မြနွယ်

Border Trade News

Pages