မူဆယ်ကုန်သွယ်ရေးဇုန်မှ ပြောင်းတင်ပို့မှု လျော့နည်း

Fri, 02/05/2016 - 03:55 -- admin_ygn

ဇန်နဝါရီလ တတိယပတ်တွင်မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလတတိယပတ်မှာ ကန်ဒေါ်လာ ၅ ဒသမ ၅၅၇ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၂၄၆၉၉ တန်ခွဲနဲ့ ချင်းရွှေဟော်မှကန်ဒေါ်လာသု ည ဒသမ ၁၄၂ သန်းဖိုးရှိ ပြောင်း ၆၃၁ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်က မူဆယ်မှ ၃၀၅၄၆ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၁၂၅၂ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ရဲ့ပြောင်းတင်ပို့မှု လျော့နည်းခဲ့တာတွေ့ရ ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ပြောင်းတစ်တန်ရဲ့ မိမိဘက်ဈေးဟာ ယခင်တစ်ပတ်က  ၂၉၂၄၅၆ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၂၉၂၁၇၄ ကျပ်သို့ အနည်းငယ်ကျ ဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်အနေဖြင့် ပြောင်းတစ်တန်ကို ၁၅၆၀ ယွမ် ဈေးရှိကြောင်း မူဆယ် ပဲ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင်မှ သိရပါတယ်။

 

မော်မော်အောင်

Border Trade News

Pages