လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Fri, 01/05/2024 - 10:07 -- DotBorderdep

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၁-၁-၂၀၂၄) မှ (၂-၁-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၄၃၄.၅၀) တန်၊ တန်ဖိုး (၀.၂၄၅) ဒေါ်လာသန်း၊ ဆန်ကွဲ (၂၁၂.၅၀) တန်၊ တန်ဖိုး (၀.၀၉၂) ဒေါ်လာသန်း၊ ပြောင်း (၂၅၉.၅၀)တန်၊ တန်ဖိုး (၀.၀၆၆) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၁၃၉၂.၀၀) တန်၊ တန်ဖိုး (၀.၅၀၇) ဒေါ်လာသန်း၊ ဖရဲသီး (၉၆၂.၀၀) တန်၊ တန်ဖိုး (၀.၁၄၀) ဒေါ်လာသန်း၊ သခွားမွှေး (၃၁၁.၅၀) တန်၊ တန်ဖိုး (၀.၀၆၆) ဒေါ်လာသန်း၊ ကြံ (၃၆၀.၀၀) တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊ ရှောက်ကောသီး (၁၂.၈၉၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ပဲတီစိမ်း (၁၄၅.၈၅) တန်၊ တန်ဖိုး (၀.၀၉၀) ဒေါ်လာသန်း၊ ထောပတ်ပဲ (၂၅.၀၀) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ စွန်တာနီ (၂.၀၀) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ သီဟိုစေ့ (၁၅.၂၀) တန်၊ တန်ဖိုး (၀.၀၇၆) ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၁၆.၀၀) တန်၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်း၊ မြေပဲဆံ (၆၅.၅၀) တန်၊ တန်ဖိုး (၀.၀၇၂) ဒေါ်လာသန်း၊ ဆီးစေ့ခွဲခြမ်း (၂၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ နှမ်း (၉၇.၅၀) တန်၊ တန်ဖိုး (၀.၁၃၅) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

              ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင်(၃၁၀) ဒေါ်လာ၊ ဖရဲသီးတစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ တစ်သျှူးငှက်ပျော တစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

              ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် ဆေးဝါးပစ္စည်း (၃၆၄၈၉၀) U ၊တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်း၊ ကော်စေ့ (၁၂.၅၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ ဂျပ်ဖာ (၈၇.၅၀) တန်၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်း၊ တစ်သျှူးလိပ် (၁၉.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ စောင် (၁၇.၀၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ သံပိုက်/သံချောင်း (၆၅.၅၀) တန်၊ တန်ဖိုး (၀.၀၆၈) ဒေါ်လာသန်း၊ ကုန်စုံ (၃၁၅.၆၆) တန်၊ (၂၉၉၇၈) U၊ (၃၉၂၀) PR၊ တန်ဖိုး (၀.၃၂၂) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

              သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ် (၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀) ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

              ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက် (ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

Border Trade News

Pages