ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Tue, 06/20/2023 - 07:05 -- DotBorderdep

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

          ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၃၄၉)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၃၇၈) သန်း၊ သွင်းကုန်တန်ချိန် (၈၈)၊ (-)U၊ (-) BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၃၉) သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၀ ဒသမ ၄၁၇ သန်း ဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန် ပစ္စည်း (၁၀)မျိုးမှာ ငါးပုလွေ တစ်တန်လျှင် (၁၄၅၀) ဒေါ်လာနှုန်း၊ ပလာတူး တစ်တန်လျှင် (၉၈၀) ဒေါ်လာနှုန်း၊  ဇာဗျက် တစ်တန်လျှင် (၁၀၈၀) ဒေါ်လာနှုန်း၊ ၊ ကြိမ်မွေ့တောင်း တစ်တန်လျှင် (၁၅၆၀) ဒေါ်လာနှုန်း၊ ခွေးလျှာ တစ်တန်လျှင် (၁၁၂၀) ဒေါ်လာနှုန်း၊ ကုလားကုတ် တစ်တန်လျှင် (၁၅၆၀) ဒေါ်လာနှုန်း၊ ဘဝဲ တစ်တန်လျှင် (၂၂၄၀) ဒေါ်လာနှုန်း၊ ငါးနီငယ် တစ်တန်လျှင် (၁၀၅၀) ဒေါ်လာနှုန်း၊ ကင်းမွန် တစ်တန်လျှင် (၂၁၀၀) ဒေါ်လာနှုန်း၊ ငါးစက္ကူ တစ်တန်လျှင် (၁၆၆၀) ဒေါ်လာနှုန်း၊ တို့ဖြစ်ပြီး၊ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ကန့် တစ်တန်လျှင် (၃၂၁.၄၂၈) ဒေါ်လာနှုန်း၊ ပီလောပီနံမှုန့် တစ်တန်လျှင် (၅၀၀) ဒေါ်လာနှုန်း၊ တို့ ဖြစ်ပြီး ငါးသယ်လှေ ကုန် (၁) တန်ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်း သိရှိရပါသည်။

Border Trade News

Pages