ရန်ကုန်မြို့၊ သီရိလင်္ကာသံရုံးမှ နိုင်ငံတကာလေလံဖိတ်ခေါ်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းကြားစာပေးပို့လာပြီး အဆိုပါ အကြောင်း ကြားစာတွင် သီရိလင်္ကာနိုင်ငံ၊ SriLankan Airlines မှ အောက်ဖော်ပြပါပစ္စည်းများကို ဝယ်ယူ နိုင်ရေးအတွက် နိုင်ငံတကာ လေလံတင်သွင်းရန် ဖိတ်ခေါ်လိုပါကြောင်း၊ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်များနှင့် စိတ်ပါဝင်စားသည့် အဖွဲ့အစည်းများထံသို့ သတင်းအချက် အလက်များဖြန့်ဝေပေးစေလိုပါကြောင်း ၊ လေလံတင်သွင်းရမည့်ရက်အား ယခင်က (၂၁-၄-၂၀၂၀) ရက်နေ့ နောက်ဆုံးတင်သွင်းရန် သတ်မှတ်ခဲ့သော်လည်း လက်ရှိအခြေအနေတွင် Covid -19 ကပ်ရောဂါ ဖြစ်ပွားနေခြင်းကြောင့် အကြောင်းကြားစာ ထပ်မံမရောက်မီ အချိန်အထိ လေလံတင် သွင်းရမည့်ရက်အား တိုးမြှင့်ထားရှိကြောင်း၊ လေလံတင်သွင်းခြင်းနှင့်ပတ်သက်သည့် Form ပုံစံ အချက်အလက်များကိုလည်း https://www.srilanka.com/enuk/corporate/tender-notices တွင် downloaded ရယူနိုင်ကြောင်း ဖော်ပြထားပါသည်-
(က) Reference No.201935692
Invitation for Submission of Bids for the Supply of Long-life Liquid Milk Sticks for Individual Tea and Coffee Service on Board
(ခ) Reference No. 201932027
Invitation for Submission of Bids for the Supply of Water/Wine Glass (Without Stem) for On Board Use
(ဂ) Reference No.201932809
Invitation for Submission of Bids for the Supply of Paper Cups for On-Board Use
(ဃ) Reference No.201932819
Invitation for Submission of Bids for the Supply of Instant Coffee (18 G) & Pillow Packs (70G) for On-Board Service