ဂျပန်နိုင်ငံ၊ ဆူမီတိုမိုကော်ပိုရေးရှင်း (နေပြည်တော်ရုံးခွဲ) ဖွင့်လှစ်သည့်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်တက်ရောက်

Wed, 12/05/2012 - 08:29 -- Anonymous (not verified)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့(၁၈း၀၀)အချိန်တွင် နေပြည်တော်သင်္ဂဟဟိုတယ်တွင်ကျင်းပပြုလုပ်သည့်ဂျပန်နိုင်ငံဆူမီတိုမိုကော်ပိုရေးရှင်း (နေပြည်တော်ရုံးခွဲ)ဖွင့်လှစ်သည့်အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးမှ အမှာ စကားပြောကြားရာတွင် ယခုကဲ့သို့ နေပြည်တော်တွင် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ထည့်သွင်းပြောကြားပါသည်။

အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်၊ ဆူမီတိုမိုကော် ပိုရေးရှင်း Senior Adcisor, Mr. Motoyuki Oka ၊ ဆူမီတိုမိုကော်ပိုရေးရှင်းဥက္ကဌနှင့်အမှုဆောင် အရာရှိချုပ် Mr.Kohei Hirao နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။