နိုင်ငံတကာ ဆန်ဈေးတည်ငြိမ်စေဖို့ ထိုင်းနိုင်ငံဟာ ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်တို့နဲ့အတူ ဆန်ကုန်သွယ်ရေးဇုန် တစ်ခု တည်ထောင်ဖို့ စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ အစီအစဉ်ကို နိုဝင်ဘာလ ၁၃ ရက် ထိုင်းအစိုးရဝန်ကြီးများ အဖွဲ့ အစည်းအဝေးမှာ အတည်ပြုကြောင်း သိရပါတယ်။ ဝန်ကြီးဌာနရဲ့ အဆိုပြုချက်ဟာ အိမ်နီးချင်းနိုင်ငံများနဲ့အတူ ဆန်ကုန်သွယ်ရေးဇုန် တစ်ခု ဖန်တီးဖို့ ပတ်သက်နေတယ်လို့ ပြောရေးဆိုခွင့်ရ Pakdihan Himathorgkam မှ ပြောကြားပါတယ်။ အဲဒီအစီအစဉ်မှာ ၅ နိုင်ငံမှ အစိုးရအရာရှိများ အစည်းအဝေးများ အပါအဝင် အာဆီယံ ဆန်ကော်ပိုရေးရှင်း ကော်မတီနဲ့ အာဆီယံဆန်စက်လုပ်ငန်းရှင်များနဲ့ ကုန်သည်များ အသင်းများမှ ကိုယ်စားလှယ် များလည်း တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ဆန်ကုန်သွယ်ရေးဇုန် အတွင်းသို့ စီးပွားရေးလုပ်ငန်းရှင် များနဲ့ အစိုးရတို့ နီးနီးကပ်ကပ်ပါဝင်ဆောင်ရွက် ခြင်းဖြင့် ကမ္ဘာ့ ဆန်ဈေးကွက် အတွင်း ဆန်ဈေးတည်ငြိမ်ဖို့၊ ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှု မြှင့်တင်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံများမှ တရား
မဝင် ဆန်ကုန်သွယ်မှုကို တားဆီးဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ ဆန်မှောင်ခိုများဟာ ထိုင်းနိုင်ငံရဲ့ ဆန် အပေါင် ခံ အစီအစဉ်မှ အကျိုးအမြတ်ယူနေတယ်လို့ လည်း ထိုင်းနိုင်ငံ က ယူဆနေကြပါတယ်။
ထိုင်း စီးပွားကူးသန်း ဝန်ကြီးဌာန အနေနဲ့ ကုန်သွယ်ရေးဇုန် ဖြစ်လာဖို့အတွက် လုပ်ငန်းကော်မတီ တစ်ခုတည် ထောင်ဖို့ လည်း အစိုးရဝန်ကြီးများမှ ညွှန်ကြားထားပါတယ်။ အဆိုပါ ဝန်ကြီးဌာနမှ ပြောကြားချက်အရ ဆန် ကုန်သွယ်ရေးဇုန် စီမံချက်ကို ကမ္ဘောဒီးယားနဲ့ စတင်မှာဖြစ်ပြီး၊ ထိုင်းနဲ့ကမ္ဘော ဒီးယား နယ်စပ်ဒေသများမှာ ဆန်ကုန်သွယ်မှုနဲ့ ပတ်သက်တာ တွေကို စတင်သွားမယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံအတွင်းရှိ ဇုန်ကို Buri Ram, Si Sa Ket, Sa Kaeo, Prachim Buri နဲ့ Chachoengsao ပြည်နယ်များမှာသတ်မှတ်သွား မယ်လို့ သိရပါတယ်။
ဒီကုန်သွယ်ရေးဇုန် လုပ်ငန်းစဉ်က ကမ္ဘောဒီးယားဆန်ကို ထိုင်းဆန်နဲ့ရောပြီး၊ ဆန်အပေါင်ခံ အစီအစဉ်မှာ ဆောင်ရွက် နေခြင်းကို ကာကွယ်ဖို့ ထိန်းချုပ်သွားမယ်လို့ ဆိုပါတယ်။ ဆန် ကုန်သွယ်ရေး ဇုန်ဟာ ထိုင်းဆန်အပေါင် ခံအစီအစဉ်အရ ဖြစ်ပေါ်လာတဲ့ တရားမဝင် ဆန်ကုန်သွယ်မှု ပပျောက်စေလိမ့် မယ်လို့လည်း မျှော်လင့်ထားကြောင်း သိရပါတယ်။
လဝန်း
Source: riceonline