စစ်တွေကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်များ ပိုမိုတင်ပို့

Wed, 12/27/2017 - 07:31 -- admin_ygn

         မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၀၄ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၁၃ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ၉၆ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၁၇ တန်ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့မှုကိုကြည့်ပါက အမေရိကန်ဒေါ်လာ သုညဒသမ ၁၈၈ သန်းတန်ဖိုးရှိ ငါးမြစ်ချင်း ၂၀၃ တန်နဲ့ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်းတန်ဖိုးရှိ ငါးခေါင်းပွ ၉ တန်ကျော် ကိုတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ရေချိုငါးများအပြင် အမေရိကန် ဒေါ်လာ သုညဒသမ ၀၈၄ သန်းတန်ဖိုးရှိ မန်ကျည်းစေ့၊ ဆီးသီးခြောက်၊ ဆီးဖတ်၊ ချင်း(အစို)၊ သစ်ခေါက်၊ အုံ တုံခေါက်၊ ဆီးယို ထုပ်၊ ကွေကာ၊ ကြာဆန်တို့ကို ၅၇၂ တန် တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ

Border Trade News

Pages