တရုတ်နယ်စပ်မှ နှမ်းလျော့နည်းတင်ပို့

Thu, 12/21/2017 - 05:02 -- admin_ygn

            မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ် ရေးဇုန်နဲ့ ချင်းရွှေဟော်  ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၂၆ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၈၀၇ တန်ကျော် ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ နှမ်းနက် ၁၃၄ တန်ကျော်နဲ့ နှမ်းဖြူ (အခွံချွတ်) တန် ၂၀ စုစုပေါင်းတန်ချိန် ၁၅၄ တန်ကျော်ကိုလည်းကောင်း၊ ချင်းရွှေဟော်မှ နှမ်းနက် တန် ၉၈၀ ကျော်၊ နှမ်းညို တန် ၄၀ ကျော်၊ နှမ်းဖြူ ၃၅၉ တန်ခွဲနဲ့ နှမ်းညို (အခွံချွတ်) ၂၇၂ တန်ခွဲ စုစုပေါင်း တန်ချိန် ၁၆၅၂ တန်ကျော်ကိုလည်းကောင်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ယခင်တစ်ပတ်က မူဆယ်မှ ၁၉၁ တန်ခွဲနှင့် ချင်းရွှေ ဟော်မှ တန် ၅၅၅၀ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မူဆယ်မှ ၃၆ တန်ကျော်၊ ချင်းရွှေဟော်မှ ၃၈၉၈ တန်လျော့နည်းတင်ပို့ခဲ့ ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်အထိ သီတင်းပတ်အတွင်း နှမ်းဖြူ တစ် တန်လျှင် ၁၄၀၄၀၈၂ ကျပ်၊ နှမ်းနက် တစ်တန်လျှင် ၂၂၂၀၄၀၈ ကျပ်ဈေးရှိတယ်လို့ သိရ ပါတယ်။

 

မော်မော်အောင်

Border Trade News

Pages