စစ်တွေကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်ပိုမိုတင်ပို့

Fri, 12/15/2017 - 04:31 -- admin_ygn

     မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ နိုဝင် ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၀၉၉ သန်းတန်ဖိုးရှိ ရေချိုငါးမျိုးစုံ ၁၀၅ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ၆၀ သာ  တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၄၅ တန် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့မှုကို ကြည့်ပါက အမေရိကန်ဒေါ်လာ သုညဒသမ ၀၉၇ သန်း တန်ဖိုးရှိ ငါးမြစ် ချင်း ၁၀၃ တန်နဲ့ အမေရိကန်ေ ဒ လာ သုညဒသမ ၀၀၂ သန်း တန်ဖိုးရှိ ငါးခေါင်းပွ ၁ ဒသမ ၆ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ စစ်တွေ ကုန်သွယ်ရေးစခန်းမှ ရေချိုငါးများအပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၁၂၄ သန်းတန်ဖိုးရှိ ဧည့်မထ ၂၅ မှတ်ဆန်၊ ဆီးယိုထုပ် စုစုပေါင်း ၃၄၇ တန်ကို တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ

Border Trade News

Pages