ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်ခရီးသွားလုပ်ငန်း ဝန်ကြီးများ က ယခင် ရက်သတ္တပတ်အတွင်းက သဘောတူ စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ သဘောတူစာ ချုပ်မှာ ၂၀၁၅ ခုနှစ်မှာ နိုင်ငံလေးနိုင်ငံ သို့ အပြည်ပြည်ဆိုင်ရာ ခရီးသွားဦးရေ ၂၅ သန်းရရှိအောင် အတူတကွပူးပေါင်း ဆောင်ရွက်ဖို့နဲ့ တစ်ခုတည်းသောခရီးသွားဗီဇာ အကောင် အထည်ဖော်ရေး ကိစ္စကို စဉ်းစားကြဖို့ ကတိပြုထားပါတယ်။
စက်တင်ဘာ ၁၄ ရက်က ဟိုချီမင်း စီးတီးမှာကျင်းပတဲ့ CLMV ခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေးမှာ ကမ္ဘောဒီးယား၊လာအို၊ မြန်မာနဲ့ ဗီယက် နမ်တို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများ က ၂၀၁၃-၂၀၁၅ ခရီးသွားလုပ်ငန်း ပူး ပေါင်းဆောင်ရွက်ရေး ပူးတွဲစီမံကိန်းကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီစာချုပ် မှာ လေးနိုင်ငံအတွင်း သတင်းအချက် အလက်ဖလှယ်ဖို့၊ အရည်အသွေးမြင့် ခရီးသွားလုပ်ငန်း အစီအစဉ်တွေ ဖော်ထုတ်ဖို့၊ ခရီးသွားလုပ်ငန်းအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် စည်း ရုံးဖို့နဲ့ တခြားနိုင်ငံများနဲ့ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပူးတွဲလုပ် ငန်းများထူထောင်ဖို့ လမ်းပြအစီအစဉ်ကို ရေးဆွဲခဲ့ကြပါတယ်။
သဘောတူညီချက်မှာ ပါဝင်တဲ့ ထူး ခြားတဲ့ရည်မှန်းချက်က ၂၀၁၅ ခုနှစ်မှာ လေးနိုင်ငံသို့ ခရီးသွား ၁၅ သန်းရောက် ရှိဖို့နဲ့ ဒီထဲမှာလေးသန်းက လေးနိုင်ငံ မှခရီးသွားများ အပြန်အလှန် သွား ရောက်ကြဖို့ဖြစ်ပါတယ်။ လေးနိုင်ငံ ခရီးသွားလုပ်ငန်းတစ်ခု (Four Cou- ntries, One Destination) ဆိုတဲ့ အစီအစဉ်ကိုထပ်မံတိုးမြှင့်နိုင်ဖို့အတွက် CLMV အုပ်စုက တစ်နိုင်ငံမှ တစ် နိုင်ငံကူးလူးသွားလာမှု လွယ်ကူအောင် အပြည်ပြည်ဆိုင်ရာ ခရီးသွားများ အတွက် တစ်ခုတည်းသော ခရီးသွား ဗီဇာထုတ်ဝေဖို့ကိုလည်း စဉ်းစားခဲ့ကြပါတယ်။ ဒီအစီအစဉ်မှာ ပÍ္စမမြောက် နိုင်ငံအဖြစ် ထိုင်းနိုင်ငံလည်း ပါဝင် လာနိုင်ဖွယ်ရှိပါတယ်။
CLMV နိုင်ငံများသို့ ဝင်ရောက် လာသော အပြည်ပြည်ဆိုင်ရာခရီးသွား အရေအတွက်မှာ လွန်ခဲ့တဲ့ရက်အနည်း ငယ်အတွင်း မြင့်တက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ခရီးသွား ၁၂-၁၃ သန်း ရောက်ရှိခဲ့တဲ့အတွက် နှစ်အလိုက် အခြေခံအရ ၁၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပါတယ်။
Source.ttgasia.com
ဉာဏ်တင်