ဗီယက်နမ်က ၂၀၁၂ ခုနှစ် ပထမ (၇) လအတွင်း ထိုင်ဝမ်ကို ပုဇွန်တင်ပို့မှုမှ ဝင်ငွေ ကန်ဒေါ်လာ ၄၂ သန်း ရရှိခဲ့ရာ ယခင်နှစ်အလားတူကာလက တင်ပို့မှု ၁၆ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်။ ဗီယက်နမ်က ၂၀၀၇ ခုနှစ်မှစပြီး ထိုင်ဝမ်ကိုပုဇွန်တင်ပို့ရာမှာ ဦးဆောင်နိုင်ငံဖြစ်လာခဲ့ရာ ၂၀၁၁ ခုနှစ်အတွင်း ထိုင်ဝမ်ပုဇွန်တင်သွင်းမှု စုစုပေါင်းရဲ့ ၂၄ ဒသမ ၅ ရာခိုင်နှုန်းမှာ ဗီယက်နမ်ပုဇွန်တွေဖြစ်တယ်လိ့ု ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနဲ့ ထုတ်လုပ်သူများ အသင်း(VASEP) က ပြောကြားတယ်။ ဒါပေမဲ့ထိုင်ဝမ်မှာ ဗီယက်နမ်ပုဇွန်တွေက အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းတဲ့ ပုဇွန်တွေထက်ဈေးမြင့် နေရာ ဈေးကွက်ပိုမိုရရှိရေး ခက်ခက်ခဲခဲယှဉ်ပြိုင်နေရတယ်လိ့ု VASEP က ပြောကြားတယ်။
Source: english.vovnews.vn
ပပ