ဈေးနှုန်းမှန်နဲ့ ဒေသတွင်းအဆွဲသန်တာကြောင့် ပြည်ကြက်သွန်ဖြူအရောင်းအဝယ်ဖြစ်

Fri, 02/03/2017 - 04:29 -- admin_ygn

        ၂၀၁၇ ခုနှစ်အစ စားဖိုဆောင်သီးနှံဈေးကွက် ဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ ပြည်ပွဲရုံကြက်သွန်ဖြူဈေး ပုံမှန်ဖြစ်နေပြီး၊ ဒေသတွင်းလက်လီသမားများက အိတ်လိုက်အဆွဲများတာကြောင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရပါတယ်။ ရှမ်းစကလည်း ဈေးအမြင့်နှင့်ငြိမ်နေပြီး ကြူကုတ်စဈေးအကျဘက်နှင့် ငြိမ်နေတာကြောင့် အရောင်းအဝယ်မှာ ပိုမိုသွက်နေတာတွေ့ရပါတယ်။ တရုတ်နဲ့ ရှမ်းတောင်မှ ရက်ခြားအဝင်မှန်နေတယ်လို့လည်း သိရပါ တယ်။ ယခုတစ်ပတ် ပြည်(ပွဲရုံ)ကြက်သွန်ဖြူဈေးကတော့ တစ်ပိဿာလျှင် (ရှမ်း) ၅၅၀၀ ကျပ်နှင့် (ကြူကုတ်) ၄၆၀၀ ကျပ် ဈေးဖြင့် ဈေးနှုန်းငြိမ်နေပြီး၊ ဒေသတွင်း လက်လီအရောင်းသမားများမှာ (ရှမ်း) ကျပ် ၆၀၀၀၊ (ကြူကုတ်) ၅၁၀၀ ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိနေပါတယ်။ (ကြူကုတ်စ) အရည်အသွေး၊ အမွှာအတက်များကြီး ပြီးချောလာကာ ဈေးနှုန်းအတက်မရှိတာကြောင့် တစ်ဆင့်ခံရောင်းချသူများ အရောင်းပိုသွက်ကြောင်းလည်း သိရပါတယ်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူ အိတ် ၃၀၀ ခန့် ပွဲရုံများတွင် အရောင်းတက်လာတာလည်း သိရပါတယ်။

 

နီနီဝင်း

Border Trade News

Pages