အမေရိကန်ဗဟိုဘဏ်နှင့် အီးယူဒေသ ဗဟိုဘဏ်များအနေဖြင့် စီးပွားရေးလှုံ့ဆော်မှု စီမံကိန်းများ ချမှတ်ဆောင်ရွက်နိုင်သည်ဟု ခန့်မှန်းလာကြခြင်းကြောင့် သဘာဝရာဘာဈေးနှုန်းများ အနည်းငယ်မြင့်မားလာ

Tue, 07/31/2012 - 09:06 -- Anonymous (not verified)

Date : 31 July 2012

အမေရိကန်ဗဟိုဘဏ်နှင့် အီးယူဒေသ ဗဟိုဘဏ်များအနေဖြင့် စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းများ ချမှတ်ဆောင်ရွက်သွားလိမ့်မည်ဟု ခိုင်ခိုင်မာမာ ခန့်မှန်းလာကြခြင်းနှင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်မားလာ ခြင်းတို့ကြောင့် ဇူလိုင်လ (၃၁) ရက်နေ့ သဘာဝရာဘာဈေးနှုန်းများသည် ယခင်သီတင်းပတ် ဈေးနှုန်းများနှင့် ယှဉ်လျှင် အနည်းငယ်မြင့်မားလာသည်။ ကမ္ဘာ့ရာဘာစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံများဖြစ်သည့် ထိုင်း ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့တွင် မိုးရာသီဖြစ်နေသောကြောင့် ရာဘာစေးခြစ်ယူရရှိမှု အားနည်းနေခြင်းက လည်း ရာဘာရောင်းလိုအားကို လျော့နည်းစေကာ ဈေးနှုန်း ကို အထောက်အပံ့ပေးလျက်ရှိသည်။ ထို့ကြောင့် ဇူလိုင်လ (၂၄) ရက်နေ့က တစ်တန်လျှင် ၃၀၀၆ ဒေါ်လာရှိနေ သော ထိုင်းရာဘာ RSS-5 (မှိုင်းခံရာဘာ အဆင့် - ၅) သည် ဇူလိုင်လ (၃၁) ရက်နေ့တွင် ၃၀၂၃ ဒေါ်လာအထိ ရောက်ရှိလာသည်။

မလေးရှားရာဘာ (Standard Malaysia Rubber – SMR 20) သည်လည်း တစ်တန်လျှင် ကန်ဒေါ်လာ ၂၇၉၄.၅၀ ဒေါ်လာမှ ၂၈၀၆ ဒေါ်လာအထိ ရောက်ရှိလာသည်။ ယခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး နှေးကွေးမှု ကြောင့် ကားထုတ်လုပ်သူများမှ တာယာထုတ်လုပ်ရန် ရာဘာကိုဝယ်လိုအားနည်းသော်လည်း ရာဘာအိတ် ပြုလုပ်သူများအနေဖြင့် အကျိုးအမြတ်များစွာရနေသဖြင့် ရာဘာဝယ်လိုအား များနေကြောင်း လက်ရှိသဘာ၀ ရာဘာဝယ်လိုအားနှင့် ရောင်းလိုအားမှာ ညီမျှနေကြောင်း သတင်းရရှိသည်။

 

Source : IRCO , rubberboard.org.in

pa pa