မူဆယ်နဲ့ မြဝတီမှ ကြက်သွန်နီ ပိုမိုတင်ပို့ပြီး တာချီလိတ်မှ လျော့နည်း

Tue, 10/11/2016 - 05:52 -- admin_ygn

       စက်တင်ဘာ နောက်ဆုံးပတ်တွင် မြန်မာ - တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ  ၁၂၂၂၅၀ သန်း တန်ဖိုးရှိ ကြက်သွန်နီ တန်၇၅၀ ကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ  မြဝတီ ကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၃၆၅၁၅ တန်ဖိုးရှိ ကြက်သွန်နီ ၄၆၅ တန်ကျော်ကိုလည်း ကောင်း တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်တစ်ပတ်မှာ မူဆယ်မှ ၆၂၈တန်နဲ့ မြဝတီမှ ၃၁၄တန် တင်ပို့ ခဲ့လို့ ယခုတစ်ပတ် မူဆယ်နဲ့ မြ ဝတီမှ ကြက်သွန်နီ ပိုမိုတင်ပို့လာ တာ တွေ့ရပါတယ်။
        တာချီလိတ်ကုန်သွယ်ရေးစခန်းမှ  အမေရိကန်ဒေါ်လာ  ၅၈၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ ၄၀၀ နဲ့ အမေရိကန်ဒေါ်လာ ၇၅၈၀၀ တန်ဖိုးရှိ ကြက်သွန်ဖြူ တန်၄၀ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က ကြက်သွန်နီ တန်၅၀၀နဲ့ ကြက်သွ န်ဖြူ  တန် ၆၀တင်ပို့ခဲ့ တာကြောင့် တာချီလိတ်မှ ကြက်သွန်တင်ပို့မှုမှာ ယခုတစ်ပတ်တွင် လျော့နည်းခဲ့ပါ တယ်။ စက်တင်ဘာတစ်လလုံး မူဆယ်မှ ကြက်သွန်နီ တန်နှစ်ထောင်ကျော်၊ မြဝတီ မှ တန် ၁၅၀၀ တင်ပို့ခဲ့ပြီး၊ တာချီလိတ် မှ ကြက်သွန်နီ တန် ၁၈၀၀ နဲ့ ကြက်သွန်ဖြူ ၁၃၅ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

 

မော်မော်အောင်

Border Trade News

Pages