တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်း မြို့မှာ ၂၀၁၂ ခုနှစ်၊ ဇွန် ၆ ရက်မှ ၁၀ ရက်အထိ ကူမင်း ပို့ကုန်သွင်းကုန် ကုန်စည်ပြပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းနှင့် အဖွဲ့ဝင်များဖြစ်ကြတဲ့ နယ် စပ်ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူုးချုပ် ဦးခင်မောင်လေး၊ ရှမ်း ပြည်နယ် မူဆယ်ခရိုင် ခရိုင်အုပ်ချုပ် ရေးမှူး ဦးမိုးဟိန်းတို့ တက်ရောက်ခဲ့ တယ်လို့ သတင်းရရှိပါတယ်။
ဒါ့အပြင် သမဝါယမဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ ကုန်သည်စက်မှု အသင်းချုပ်မှတာဝန်ရှိသူများနဲ့ အသင်း ဝင် ကုမ္ပဏီလုပ်ငန်းရှင် စုစုပေါင်း ၃၆ ဦးက အဆိုပါကုန်စည်ပြပွဲမှာ ပါဝင်ဆင် နွှဲခဲ့ကြပါတယ်။ ကူမင်းမြို့ကုန်စည်ပြပွဲမှာ ကုန်သည် စက်မှုအသင်းချုပ်မှ ကုမ္ပဏီ ၂၀ ခုနဲ့ သမဝါယမကုမ္ပဏီရှစ်ခုမှ ကုန်သည် လုပ်ငန်းရှင်များက မြန်မာ့ပို့ကုန်၊ သွင်း ကုန်ပစ္စည်းများဖြစ်တဲ့ လယ်ယာထွက် ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်း များနဲ့ ကျောက်မျက် ရတနာပစ္စည်းများ ကို ပြသခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါကုန်စည်ပြပွဲမှာ မြန်မာ့ပို့ ကုန်ပစ္စည်းများကို မြန်မာ့အမျိုးသား ဆောင်ပြခန်းအပါအဝင် ဌေးသစ္စာ ကုမ္ပဏီ၊ မြန်မာ့ သစ်တောထွက်ပစ္စည်း ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများ အသင်း၊ သမဝါယမအသင်းများ၊ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း၊ မြန်မာ့ သစ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာ မေကောင်း ကုမ္ပဏီတို့မှ စုစုပေါင်း ပြခန်း ၃၀ ပြသခဲ့ကြတယ်လို့ သိရှိရပါတယ်။
အေးအေး