ရှမ်းပြည်နယ်တောင်ပိုင်း သစ်သီး ဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက် ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းရဲ့ ညီနောင်အစုအဖွဲ့ဖြစ်တဲ့ ပန်းမန်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်း ချသူများအစုအဖွဲ့ (ကလောဇုန်) ဟဲဟိုး ဒေသမှစီမံပြီး ဈေးကွက်များကို မေ ၁၅ ရက်မှစတင်လို့ ဂန္ဓမာပန်းများ တင်ပို့ ရောင်းချနေပြီ ဖြစ်ပါတယ်။
ယခုမေလလယ်မှ စတင် တင်ပို့တဲ့ ဂန္ဓမာပန်း အမျိုးအစားများကတော့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေက စိုက်ပျိုးခဲ့တဲ့ ဆန်းမားဖြူပန်းတို့ဖြစ်ပြီး ဆန်းမားဝါပန်းတို့လည်း အနည်းငယ် ထွက်ရှိတင်ပို့လျက်ရှိပါတယ်။ ဈေးနှုန်း ရရှိမှုအခြေအနေမှာ တစ်ပွင့်ကို ရှယ်စ ၃၅ ကျပ်နဲ့ ရိုးရိုးအပွင့်သေးမှာ ၁၅ ကျပ် နှုန်းတို့ရရှိနေပါတယ်။ စတင်တင်ပို့ချိန် မှ မေလကုန်အထိ နေ့စဉ် ပန်းပွင့် ၅၀၀ ပွင့်ပါ ပုံး ၄၅၀ နဲ့ ပန်းပွင့်ပေါင်း လေး ဆယ့်ငါးသိန်းခန့် ရန်ကုန်၊ ပဲခူး၊ တောင် ငူ၊ ညောင်လေးပင်နဲ့ မော်လမြိုင် စတဲ့ မြို့များကို တင်ပို့ရောင်းချပြီးဖြစ်တယ် လို့ သိရပါတယ်။
ယခုနှစ် ဆန်းမားဖြူပန်းရဲ့ တစ်ပွင့် ဈေးနှုန်းမှာ ယခင်နှစ်ထက် ထက်ဝက် ခန့် ဈေးကျဆင်းတဲ့ အခြေအနေအား တောင်ကြီးမြို့ TPIS ဝန်ထမ်းများမှ ပန်း မန်အစုအဖွဲ့ (ကလောဇုန်) အတွင်းရေး မှူး ဦးမောင်မောင်လွင်နဲ့ တွေ့ဆုံမေး မြန်းခဲ့ရာ ယခုနှစ်မှာ ယခင်နှစ်ကထက် ဈေးနှုန်းရရှိမှုနည်းသော်လည်း ပန်း ပွင့်အထွက်နှုန်းမှာ နှစ်ဆပိုမိုထွက်ရှိလို့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနစ် နာဆုံးရှုံးမှုမရှိကြောင်း၊ အားသာချက် အနေဖြင့် တင်ပို့ရောင်းချရာ ဈေးကွက် များမှာ နေ့စဉ်တင်ပို့ပေးသမျှ ကုန် အောင် ရောင်းချနိုင်တာကြောင့် တင်ပို့ ရောင်းချရာ အဆင်ပြေလျက်ရှိကြောင်း၊ ယခင်နှစ်ကသယ်ယူသော Light Truck များအစား မန္တလေးမြို့ အောင် Kenbo ကုမ္ပဏီမှတင်သွင်းသော ၁၇ ပေအရှည် တရုတ် ၆ ဘီး Fotom မော်တော်ယာဉ်များဖြင့်တင်ပို့ရောင်းချလျက် ရှိကြောင်းသိရပါတယ်။
အောင်ကျော်