ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (RUMFCCI) ပထမထပ်အစည်းအဝေး ခန်းမတွင်  မေလ ၂၁ ရက်နေ့ နံနက် ၀၉း၀၀ ချိန်က မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ  အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့တယ်လု့ိ သတင်းရရှိပါတယ်။
 အလုပ်ရုံဆွေးနွေးပွဲသို့ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ  ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊  ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ ဦးဝင်းအောင်၊ ဒုတိယဥက္ကဌ  ဦးထွန်းအောင်၊ ဦးအောင်လွင်၊ RUMFCCI မှ ဗဟိုအလုပ်အမှုဆောင်များ၊  ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ  ကြီးကြပ်ရေးကော်မတီတွင် ပါဝင်သော ဌာနဆိုင်ရာများမှ အကြီးတန်းအရာရှိများ၊  မော်တော်ယာဉ်အရောင်းစင်တာများ၊ ပြည်တွင်းမော်တော်  ယာဉ်ထုတ်လုပ်သူများအပါအဝင် စိတ်ပါဝင်စားသူများ ၂၀၀ ခန့်  တက်ရောက်ခဲ့ကြပါတယ်။
 အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင်  မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာပွင့်ဆန်းမှ အဖွင့်အမှာ စကားပြောကြားပြီး (RUMFCCI)  ဥက္ကဌ  ဦးဝင်းအောင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား များ ပြောကြားခဲ့ပါတယ်။  အလုပ်ရုံဆွေးနွေးပွဲကို အပိုင်း (၃) ပိုင်းခွဲကျင်းပခဲ့ပြီး ပထမပိုင်းမှာ  မြန်မာနိုင်ငံမှာမော်တော်ယာဉ်ထုတ်လုပ်မှုနဲ့ တင်သွင်းမှုများ အား ရေရှည်မှာ  နိုင်ငံတကာမှာ ကျင့်သုံးဆောင်ရွက်နေမှုအခြေအနေများနဲ့ လိုက်လျောညီထွေဖြစ်  စေရေး၊ ပြည်တွင်းလိုအပ်ချက်များနဲ့ ကိုက်ညီစေရေး၊ သုံးသပ်တင်ပြခြင်း၊  ဒုတိယပိုင်းမှာ မော်တော်ယာဉ်အရောင်း  စင်တာဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်တွင်းမော်တော်ယာဉ်ထုတ်လုပ်မှု  အခြေအနေများအားဆွေးနွေးတင်ပြခဲ့ကြပြီး တတိယပိုင်းမှာတော့  တက်ရောက်လာသူများမှ မေးမြန်းခြင်းနဲ့ ပြန်လည်ဖြေကြားခြင်းတို့   ဆောင်ရွက်ခဲ့ကြ ပါတယ်။ 
 မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ  အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲမှာ  မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ  အဖွင့်စကားမြွက်ကြားရာမှာ မြန်မာနိုင်ငံမှာ  မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းကို ၁၉၆၅ ခုနှစ်ခန့်က စပြီး အစိုးရနှင့်  ဂျပန်နိုင်ငံတို့ ဖက်စပ်ဆောင်ရွက်ခဲ့သည်မှ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွင်  ပညာတော်သင်များ၊ သင်္ဘောသားများ၊  ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်သော  အလုပ်သမားများ ကိုယ်ပိုင်အသုံးပြုရန် လူစီးကားများ  တင်သွင်းခွင့်ပြုခဲ့သည်များ၊ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင်  ပြည်တွင်းတပ်ဆင်ထုတ်လုပ်မှုအနေနှင့်  လိုအပ်ချက်များကိုပြည့်မီအောင်ဆောင်ရွက်နိုင်မှုမရှိတဲ့အခြေအနေ၊ ၁၉၉၃  ခုနှစ်မှ စပြီး ပြည်ပမှလူစီးယာဉ်၊ လုပ်ငန်းသုံးယာဉ်များတင်သွင်းခွင့်ကို  ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊  နိုင်ငံခြားသုံးငွေတရားဝင်ရရှိသူများအား ခွင့်ပြုခဲ့မှု၊ ၁၉၉၉ ခုနှစ်မှစပြီး  လုပ်ငန်းသုံးယာဉ်များကို တင်သွင်းခွင့်ပြုပြီး လူစီးယာဉ်များကို  အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုခဲ့မှုများကို အကျယ်တဝင့်  ရှင်းလင်းပြောကြားခဲ့ ပါတယ်။ ထိုသို့ အကန့်အသတ်ဖြင့်  တင်သွင်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအတွင်း သုံးစွဲနေသော  ကိုယ်ပိုင်ယာဉ်များ၊ တက္ကစီအငှားယာဉ်များ၊ ဘတ်စ်ကားများ၊  လုပ်ငန်းသုံးယာဉ်များ အိုမင်းဟောင်း နွမ်းလာပြီး  ယာဉ်အပိုပစ္စည်းရှားပါးမှုနဲ့ ယာဉ်ကြံ့ခိုင်မှု ကျဆင်းလာမှုများ ရှိလာပြီး  ပြည်တွင်းမော်တော်ယာဉ် ပေါက်ဈေးမှာလည်းဖြစ်သင့်သည်ထက်  အဆမတန်ပိုမိုလာကြောင်း၊ တစ်ဖက်မှာလည်း ပြည်ပကုန်သွယ်မှုအခြေ အနေမှာ  ကုန်သွယ်ရေးပိုငွေပြမှု ဆက်တိုက်တိုးတက်လာတာနဲ့အမျှ မြန်မာကျပ်ငွေတန်ဖိုး  မြင့်မားတည်ငြိမ်လာတဲ့ အခြေအနေများအရ ပြည်တွင်းသယ်ယူပို့ဆောင်မှု  လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးနဲ့ ပြည်သူလူထုဈေးနှုန်း သက်သာစွာနဲ့  မော်တော်ယာဉ်များဝယ်ယူစီးနင်းနိုင်ရန် ရည်ရွယ်ပြီး အိုမင်းဟောင်းနွမ်းနေသော  မော်တော်ကားများ အစားထိုးလဲလှယ် တင်သွင်းမှုအစီအစဉ်တစ်ရပ်  ချမှတ်ဆောင်ရွက်ခဲ့ပုံ၊ နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊  နိုင်ငံခြားသင်္ဘောသားများ၊ အလုပ်သမားများနဲ့ ပို့ကုန်သွင်းကုန်  လုပ်ငန်းဆောင်ရွက်နေသူများ၊  ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများ  မော်တော်ယာဉ်တင်သွင်းခွင့်၊  MICB နှင့် MFTB  တို့တွင်  နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော နိုင်ငံသားများ အား၂၀၀၇  ခုနှစ်နှင့်အထက် ခရီးသည်တင်ဘတ်စ်ကားမှအပ ဘယ်မောင်း၊ ညာမောင်း မခွဲခြားဘဲ  မော်တော်ယာဉ်များ တင်သွင်းခွင့်များအပြင် ရန်ကုန်မြို့နဲ့  အခြားမြို့ကြီးများတွင် လုပ်သားပြည်သူများ လွယ်ကူစွာသွားလာနိုင်ရန်  ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ထောက်ခံချက်နဲ့  ဘတ်စ်ကားများ၊  တက္ကစီများတင်သွင်းခွင့်များကို Phase by Phase  ခွင့်ပြုပေးခဲ့ကြောင်း  မော်တော်ကား အရောင်းစင်တာများကို အင်ဂျင်ပါဝါ ၁၃၅၀ စီစီရှိ ၂၀၁၂  ခုနှစ်ထုတ်မော်တော်ကားများကို တင်သွင်းခွင့်ပေးထားခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်  စက်တင်ဘာလမှ ယခုအထိ ပြည်ပမှမော်တော်ယာဉ်တင်သွင်း ခွင့်လိုင်စင်/ပါမစ်  ထုတ်ပေးမှုအခြေအနေများ၊ ရေရှည်တွင် ပြည်ပမှတင်သွင်းခြင်းထက်  ပြည်တွင်းမှာထုတ်လုပ်ပြီး ပြည်တွင်းလိုအပ်  ချက်ဖြည့်ဆည်းသွားရန်  ရည်မှန်းထားကြောင်းနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု ဖက်စပ်လုပ်ငန်းများ  ဆောင်ရွက်ပြီး ပြည်ပသို့တင်ပို့နိုင်သည်အထိ ရည်မှန်းဆောင်ရွက်ထားကြောင်း၊  ရေရှည်မှာ ပြည်ပမှာ မော်တော်ယာဉ်တင်သွင်းမှု  ပြည်တွင်းမှထုတ်လုပ်မှုအခြေအနေများကို လိုက်လျောညီထွေ အကောင်းဆုံးဖြစ်အောင်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သင့်သည်များကို ယနေ့ြ့ပုလုပ်တဲ့  အလုပ်ရုံဆွေးနွေးပွဲမှ အကြံပြုဆွေးနွေးကြရန် ပြောကြားခဲ့တယ်လို့  သိရှိရပါတယ်။
 (RUMFCCI) ဥက္ကဌ ဦးဝင်းအောင်မှ  ယနေ့အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ကြတဲ့ အင်အားကို မြင်ရခြင်းအားဖြင့်  ကားတင်သွင်းမှု၊ ထုတ်လုပ်မှု လုပ်ငန်းတွေကို လုပ်ငန်းရှင်များ  စိတ်ဝင်စားမှုရှိနေသည်ကို ဖော်ပြနေကြောင်း အလွန်အရေးပါတဲ့  ဆွေးနွေးမှုတစ်ရပ်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲကျင်းပရာမှာ  ဌာနဆိုင်ရာများမှလည်း သက်ဆိုင်ရာခေါင်းစဉ်အလိုက်  သေချာဆွေးနွေးသွားကြမယ်လို့ ယုံကြည်ပါကြောင်း၊ ပုဂ္ဂလိကပိုင်းအနေနဲ့လည်း  ကားတင်သွင်းခြင်းနဲ့စပ်လျဉ်းပြီး မည်သို့မည်ပုံဆောင်ရွက်လျှင်  မိမိစီးပွားရေးအတွက်ရော တိုင်းပြည်အတွက်ပါ  တည်တည်ငြိမ်ငြိမ်လုပ်ဆောင်သွားနိုင်ရေး ဆွေးနွေးကြရန်၊ ကားတင်သွင်းရုံသာမက  Spare parts တင်သွင်း ရောင်းဝယ်မှုဟာလည်း အရေးပါကြောင်း၊  ပြည်တွင်းထုတ်လုပ်မှုနှင့် တင်သွင်းမှုများကို ဆွေးနွေးရာမှာ နိုင်ငံတော်  အတွက် အကျိုးရှိအောင်ပါ ဆွေးနွေးသွားကြစေလိုကြောင်း၊ မိသားစုစီးကားများထက်  Commercial သုံးကားများဟာ နိုင်ငံတော်အတွက် အရေးကြီးပါကြောင်း၊ Transaction  cost များ လျှော့ချရန်၊ Transportation  ချောမွေ့စေရန် ကုန်တင်ယာဉ်များ၊  ဘတ်စ်ကားကြီးများအား ထိုက်သင့်သောဈေးနဲ့ တင်သွင်းခွင့်ရရှိရေးဟာ  အရေးကြီးပါကြောင်း၊ ယခုကားအရောင်းခန်း ဖွင့်လှစ်သူများဟာ  အခြားစီးပွားရေးလုပ်ငန်းများကိုလည်း ယှဉ်တွဲ လုပ်ကိုင်နေကြသူများကြကြောင်း၊  ထိုက်သင့်သောဈေးနှုန်းနဲ့  ရောင်းချကြမှသာ Transportation charges များ  လျှော့ချပေးနိုင်ပြီး အခြားစီးပွားရေးလုပ်ငန်းများကို   အကျိုးပြုစေမှာဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတဲ့ တိုင်းပြည်မနှေး  အမြန်ဖြစ်လာရေး အတ္တပရမျှတစွာ ဆောင်ရွက်ကြရန်  တိုက်တွန်းပြောကြားခဲ့ပါတယ်။
 ပထမပိုင်းဌာနဆိုင်ရာများမှ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ထုတ်လုပ်မှုနဲ့  တင်သွင်းမှုများအားရေရှည်တွင် နိုင်ငံတကာ၌ ကျင့်သုံးဆောင်ရွက်နေတဲ့  အခြေအနေများနဲ့ လိုက်လျောညီထွေဖြစ်စေရေး၊ ပြည်တွင်းလိုအပ်ချက်နဲ့  ကိုက်ညီစေရေး သုံးသပ်တင်ပြဆွေးနွေးရာမှာ ရင်းနှီးမြှုပ်နှံမှုနဲ့  ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ထွန်းမှ  မော်တော်ယာဉ်ထုတ်လုပ်^တင်သွင်းမှုများနှင့်  စပ်လျဉ်း၍လည်းကောင်း၊  မော်တော်ယာဉ် တင်သွင်း ခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီရုံး  လုပ်ငန်းအဖွဲ့ကိုယ်စား မြန်မာလယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးမှ  အထွေထွေမန်နေဂျာ ဦးကျော်စိုး၊ အကောက်ခွန်ဦးစီးဌာန၏ အကောက်ခွန်ဆိုင်ရာ  လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးဇော်ဝင်း၊ ကုန်လမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာမှ ညွှန်ကြားရေးမှူး  ဦးထွန်းကျော်က ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်  နေမှုများနှင့် စပ်လျဉ်းပြီး တင်ပြခဲ့ကြပါတယ်။ 
 အလုပ်ရုံဆွေးနွေးပွဲ  ဒုတိယပိုင်းတွင် မော်တော်ယာဉ်အရောင်းစင်တာဖွင့်လှစ်ဆောင်ရွက်နေမှု  အခြေအနေများနှင့်စပ်လျဉ်းပြီး အောင်သိန်းသန်း ဆားဗစ်နှင့်  အေဂျင်စီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးထွန်းမှလည်းကောင်း၊  ပြည်တွင်းမော်တော်ယာဉ်ထုတ်လုပ်မှုအခြေအနေများနှင့် စပ်လျဉ်းပြီး  ရောင်နီဦးကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဝင်းမှလည်းကောင်း  ဆွေးနွေးတင်ပြခဲ့ပါသည်။
 ထို့နောက် တက်ရောက်လာကြသူများမှ  မေးခွန်းများမေးမြန်းခြင်း၊ မရှင်းလင်းသည့်လုပ်ငန်း process  များနှင့်စပ်လျဉ်း၍ မေးမြန်းခြင်း၊ ကားတင်သွင်းမှုနှင့်စပ်လျဉ်း၍  ခြုံငုံအကြံပြုချက်များ၊ ပြည်ပမှကားတင်သွင်းသည့် လုပ်ငန်းစဉ်များအလိုက်  တွေ့ကြုံရတဲ့အခက်အခဲနှင့် အကြုံပြုချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး  အလုပ်ရုံဆွေးနွေးပွဲကို ၁၂း၅၀ ချိန်မှာ ရုတ်သိမ်းခဲ့တယ်လို့ သိရှိရပါတယ်။  ဆွေးနွေးပွဲတွင် သဘာပတိများအဖြစ် ပထမပိုင်း၌ ကုန်သည်စက်မှုအသင်းချုပ်  ဒုတိယဥက္ကဌ ဦးထွန်းအောင် နှင့် ဒုတိယပိုင်း၌ ကုန်သည်စက်မှုအသင်းချုပ်  အထွေထွေအတွင်းရေးမှူး ဒေါက်တာမျိုးသက်တို့က အသီးသီး ဆောင်ရွက်ခဲ့ကြပါတယ်။
MIRT(ရန်ကုန်)

