အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု
ထိုင်းနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ဌာနက ဇန်နဝါရီလ (၁၈) ရက်နေ့က ထိုင်း ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ အရည်အသွေးကို သေချာစေဖို့အတွက် ထိုင်းတံဆိပ် ၊ Thailand Brand အစား ထိုင်းယုံကြည်မှု အမှတ်အသား ၊Thailand Trust Mark? (TTM) အစားထိုးသွားမှာဖြစ်ကြောင်း
ယခုနှစ်မှာ ရာသီဥတုအခြေအနေမကောင်းတာကြောင့် ဗီယက်နမ်ရဲ့ ငရုတ်ကောင်းထွက်ရှိမှု ကျဆင်း နိုင်ကြောင်း ဗီယက်နမ်လယ်ယာစိုက်ပျိုးရေး နဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအရ သိရှိရပါတယ်။ ယခုနှစ်အတွက် ငရုတ်ကောင်းတင်ပို့မှုတန်ချိန် ၈၆ယ၀၀၀ တန်ဖိုးအနေနဲ့ ကန်ဒေါ်လာ ၆၁၉ သန်းရရှိနိုင်ကြောင်း
လွန်ခဲ့တဲ့ ၅ နှစ်ခန့်က ပဲမျိုးစုံပြည်ပတင်ပို့မှု ပိတ်ပင်ထားခြင်းကို ပြန်လည်တင်ပို့ခွင့်ပြုဖို့ အိန္ဒိယပဲမျိုးစုံနဲ့သီးနှံ အသင်း (IPGA) မှ တောင်းဆိုထားကြောင်း အသင်းဒုတိယဥက္ကဌ Bimal Kothari မှ ပြောကြားပါတယ်။ အိန္ဒိယဟာ ကမ္ဘာမှာ ပဲအများဆုံးထုတ်လုပ်သူလည်းဖြစ်သလို စားသုံးမှုနဲ့တင်သွင်းမှုလည်း အကြီးမားဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရကပြည်ပ တင်ပို့မှု ပိတ်ထားတဲ့ အတွက် ပြည်ပတင်ပို့ခွင့်မရှိဘူးလို့
ဇန်နဝါရီလအတွင်း အာရှရော်ဘာဈေးနှုန်းများ တဖြည်းဖြည်း ဦးမော့လာခဲ့ရာ ဇန်နဝါရီ ၂၄ ရက်မှာ ထိုင်းရော်ဘာ RSS-1(မှိုင်းခံရော်ဘာအဆင့်-၁)ဈေးနှုန်းက တစ်တန်ကို ၃၉၁၇ ဒေါ်လာအထိ မြင့်မားသွားတယ်။ ထိုင်းရော်ဘာ RSS-5 (မှိုင်းခံရော်ဘာအဆင့်-၅)ကလည်း တစ်တန်ကို ၃၈၅၆ ဒသမ ၅၀ ဒေါ်လာ အထိ ရောက်ရှိလာခဲ့ရာ
တောင်အမေရိက ကပဲပုပ်ထွက်ရှိမှုအပေါ် စိုးရိမ်မှုတွေ ဆက်ရှိနေတာကြောင့် ပိတ်ရက်များအတွင်း အရောင်းအဝယ်ပါးပြီး မလေးရှား ကုန်စည်ဒိုင် စားအုန်းဆီ ကြမ်းကြိုပွိုင့်ဈေးအမြင့်နဲ့ပိတ်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ဈေး မြင့်တက်မှုအပေါ် ဂရိကြွေးမြီးပြဿနာ ဆက်လက်ဖြေရှင်းနိုင်ဖွယ်မရှိတဲ့ စိုးရိမ်မှု တွေက ပြန်လည် ကန့်သတ်လိမ့်မယ်လို့
ကော်ဖီဝယ်လိုအား တစ်ဖန်ပြန်ပြန်လည်မြင့်တက်လာတာအပြင် အိန္ဒိယရဲ့ ပို့ကုန်တင်ပို့မှုက လျာထားချက်ကို ကျော်လွန်နေပြီး တန်ချိန် ၂၃၅၀၀၀ ကို ရောက်ရှိနေပြီဖြစ်ကြောင်း ကော်ဖီအသင်းရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ အိန္ဒိယရူပီးဈေးကျတာနဲ့အမျှ ကော်ဖီတင်ပို့သူတွေ ဝင်ငွေကောင်းမှာဖြစ်ကြောင်း အစီရင်ခံစာများမှာ ဖော်ပြထားပါတယ်။ ဥရောပဇုန်က အိန္ဒိယရဲ့ အဓိကကော်ဖီတင်သွင်းသူဖြစ်ပြီး ပို့ကုန်ရဲ့ ၅၈ ရာခိုင်နှုန်းဝန်းကျင်ရှိကြောင်း
၂၀၁၁ ဧပြီမှ ဒီဇင်ဘာလအထိ ကာလအတွင်းအိန္ဒိယရဲ့ သဘာဝရော်ဘာတင်ပို့မှု ၃၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ချိန် ၂၂၄၇၂ ကို ရောက်ရှိကာ ယခင်နှစ်အလားတူကာလက ၇၂၉၃ တန် ရှိကြောင်း ရော်ဘာအသင်းရဲ့ စာရင်းများအရ သိရပါတယ်။ သုံးစွဲမှုကတော့ ၁ ဒသမ ၂ ရာခိုင်နှုန်းတိုးပြီး ၇၁၇၄၈၅ တန် ရှိကာ လွန်ခဲ့တဲ့နှစ်အလားတူကာလက ၇၀၈၇၀၅ တန်ရှိကြောင်း သိရပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ရဲ့ ပထမ ၉ လအတွင်း ရော်ဘာထုတ်လုပ်မှု စုစုပေါင်းက ၆၇၉၁၀၀ တန်ရှိပြီး ယခင်နှစ်အလားတူကာလက ၆၅၁၁၅၀ တန်ရှိကြောင်း
၂၀၁၁ ခုနှစ်အတွင်း ကမ္ဘောဒီးယားမှ အီးယူကို ဆန် တင်ပို့မှုပမာဏက ၂၀၁၀ ခုနှစ်က တင်ပို့မှုပမာဏထက် များစွာ တိုးတက်ခဲ့တယ်လို့ သိရတယ်။ ၂၀၁၀ ခုနှစ်အတွင်းက ဆန်တန်ချိန် ၄၀၀၀၀ သာ တင်ပို့ခဲ့ရသော်လည်း ၂၀၁၁ ခုနှစ် မှာ ဆန်တန်ချိန် ၁၀၀၀၀၀ ဝန်းကျင်အထိ တင်ပို့ခဲ့ရာ ရာခိုင် နှုန်းအနေနဲ့ ၁၅၀ ရာခိုင်နှုန်း တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း၊ ဈေးနှုန်းအနေနဲ့တစ်တန်ကို ၉၀၀ ဒေါ်လာမှ ၁၀၀၀ ဒေါ်လာ အကြား ရရှိခဲ့ပြီး ဝင်ငွေအနေနဲ့ စုစုပေါင်း ကန်ဒေါ်လာ ၉၅ သန်း ရရှိခဲ့ကြောင်း
ဗီယက်နမ်ရဲ့ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီမှုများ ( free trade agreements- FTAs) အရ ကုန်စည်များစွာ အပေါ်မှာ အကောက်ခွန်နှုန်းထားကို လုံးဝလျော့ချပေးရမှာဖြစ်ရာ ၂၀၁၂ ခုနှစ်မှာ ဗီယက်နမ် သွင်းကုန်အမျိုးအစား များစွာက နောက်ထပ်အခွန်လျော့ချပေးတဲ့ အခွန်အထူးအခွင်အရေးတွေကို ခံစားရမှာဖြစ်ကြောင်း